ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်စမ်းရေတွင်းဖြစ်၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်တတ်၏။
ရှင်ယောဟန် 7:38 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာကဆိုထားသည့်အတိုင်း သူ၏နှလုံးသားအထဲမှ အသက်ရေမြစ်များ စီးထွက်လိမ့်မည်”ဟု ကြွေးကြော်တော်မူ၏။ Common Language Bible ကျမ်းစာလာသည်အတိုင်း `ငါ့ကိုယုံကြည်သူ ၏စိတ်နှလုံးအထဲမှအသက်ရေသည်စမ်း ချောင်းသဖွယ်စီးထွက်နေလိမ့်မည်' '' ဟု ကြွေးကြော်တော်မူ၏။- Garrad Bible ငါ့ကိုယုံကြည်သောသူသည် ကျမ်းဆိုရှိသည့်အတိုင်း သူ့ကိုယ်မှအသက်မြစ်ရေအဖြာဖြာ ထွက်စီးလိမ့်မည်ဟုကြွေးကြော်တော်မူ၏။ Judson Bible ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ ပါရှိသည့်အတိုင်း ငါ့ကို ယုံကြည်သောသူ၏ စိတ်နှလုံးအထဲမှ အသက်စမ်းရေ စီးထွက်လိမ့်မည်” ဟု ကြွေးကြော်တော်မူ၏။ မြန်မာ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- |
ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်စမ်းရေတွင်းဖြစ်၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်တတ်၏။
လူ၏နှုတ်မှထွက်သောစကားတို့သည် နက်သောရေကဲ့သို့ဖြစ်၏။ ဉာဏ်ပညာ၏စမ်းရေတွင်းသည် စီးဆင်းနေသောစမ်းချောင်းကဲ့သို့ဖြစ်၏။
သင်တို့သည် ကယ်တင်ခြင်းစမ်းရေတွင်းများမှရေကို ဝမ်းမြောက်စွာ ခပ်ယူကြလိမ့်မည်။
ခြေမသန်သူတို့သည် သမင်ကဲ့သို့ခုန်ပေါက်ကြလိမ့်မည်။ ဆွံ့အသောလျှာသည် ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်။ တောကန္တာရ၌ရေပန်းထွက်၍ သဲကန္တာရ၌စမ်းချောင်းစီးလိမ့်မည်။
အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။
အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ မိမိ၌ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍စားကြလော့။ ငွေမပါဘဲ၊ အဖိုးအခမပေးဘဲ စပျစ်ဝိုင်၊ နို့တို့ကို လာ၍ဝယ်ကြလော့။
ထာဝရဘုရားသည် သင့်ကို အစဉ်လမ်းပြတော်မူမည်။ ပူပြင်းခြောက်သွေ့သောအရပ်၌ သင့်ကိုဝပြောစေလျက် သင်၏အရိုးတို့ကို သန်မာစေတော်မူမည်။ သင်သည် ရေဝသောဥယျာဉ်ကဲ့သို့၊ ရေမပြတ်သောစမ်းရေတွင်းကဲ့သို့ ဖြစ်မည်။
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့မှ အသက်စမ်းရေ စီးထွက်လိမ့်မည်။ ထိုရေသည် နွေရာသီဖြစ်စေ၊ ဆောင်းရာသီဖြစ်စေ အရှေ့ပင်လယ်သို့ တစ်ဝက်၊ အနောက်ပင်လယ်သို့ တစ်ဝက် စီးဆင်းလိမ့်မည်။
ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
အကြောင်းမူကား အလင်း၏အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အမျိုးသားချင်းထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင့်အတွက် ပေါ်ထွန်းစေတော်မူမည်။ သူ့စကားကို သင်တို့နားထောင်ရမည်။