ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
ရှင်ယောဟန် 7:26 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြောနေပါလျက် သူတို့သည် မည်သည့်အရာကိုမျှ မပြောကြပါတကား။ ဤသူခရစ်တော်ဖြစ်ကြောင်းကို အကြီးအကဲတို့သည် အမှန်ပင်သိကြပြီလော။ Common Language Bible ကြည့်ပါ။ သူသည်အထင်အရှားဟောပြောသွန် သင်လျက်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားမတားမြစ်ပါတကား။ ဤသူသည် မေရှိယအရှင်ဖြစ်ကြောင်းကိုအာဏာပိုင်တို့ ကအကယ်ပင်သိရှိကြလေသလော။ သို့ရာ တွင်ဤသူ၏ဇာတိကိုငါတို့သိကြ၏။- Garrad Bible သူသည် အထင်အရှားဟောပြောလျက်နေရာ မည်သို့မျှမမြစ်တားကြပါတကား။ ခရစ်တော်မှန်သည်ကို မင်းအရာရှိတို့သိမှတ်ကြလေသလော။ Judson Bible ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် လူသိရှင်ကြား ဟောပြောနေသော်လည်း သူတို့သည် မတားမြစ်ကြပါ။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို ငါတို့၏ခေါင်းဆောင်များက အမှန်ပင် သိကြပြီလော။ မြန်မာ ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။- |
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
သူသည် အားမလျော့၊ စိတ်မပျက်ဘဲ မြေကြီးပေါ်တွင် တရားမျှတမှုကို တည်စေမည်။ ကမ်းရိုးတန်းဒေသများသည် သူ၏တရားတော်ကို မျှော်လင့်စောင့်စားကြလိမ့်မည်။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ အုပ်ချုပ်သူများနှင့် လူများကို စုဝေးစေ၍
သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။)
မည်သို့ပင်ဖြစ်စေ အကြီးအကဲတို့တွင်လည်း ကိုယ်တော်ကိုယုံကြည်သောသူများစွာရှိကြ၏။ သို့သော် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ခြင်းခံရမည်ကို စိုးရိမ်သဖြင့် ဖာရိရှဲတို့ကြောင့် ဖွင့်မပြောဘဲနေကြ၏။
ယေရှုကလည်း“ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်းနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။
ဖာရိရှဲတို့ထဲတွင် နိကောဒင်အမည်ရှိသော ဂျူးလူမျိုးတို့၏အကြီးအကဲတစ်ဦးရှိ၏။
“ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့်
ထိုအခါ ဂျေရုဆလင်မြို့သားအချို့တို့က “ဤသူသည် သူတို့သတ်ရန် ရှာကြံနေသောသူမဟုတ်လော။
သို့ရာတွင် လူထုပရိသတ်ထဲမှအများစုသည် ကိုယ်တော်ကိုယုံကြည်လျက် “ခရစ်တော်ကြွလာသောအခါတွင် ဤသူပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာတို့ကို ပြုပါမည်လော”ဟု ဆိုကြ၏။
အကြီးအကဲတို့နှင့်ဖာရိရှဲတို့တွင် သူ့ကိုယုံကြည်ခဲ့သူတစ်စုံတစ်ဦးပင်ရှိသလော။
သူ၏မိဘတို့သည် ဂျူးလူမျိုးတို့ကိုကြောက်၍ ဤသို့ပြောဆိုကြခြင်းဖြစ်၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် မည်သူမဆို ယေရှုကို ခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်မည်ဟု သဘောတူဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
များစွာသောညီအစ်ကိုတို့သည် ငါအချုပ်အနှောင်ခံရခြင်းကြောင့် သခင်ဘုရား၌ ယုံကြည်စိတ်ချလျက် ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တရားကိုဟောပြောရန် ပိုမိုရဲရင့်လာကြ၏။