ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လှည့်ပြန်သောသူများ၊ ထာဝရဘုရားကို မရှာဖွေ မစူးစမ်းသောသူများကို ငါဖျက်ဆီးပစ်မည်။”
ရှင်ယောဟန် 6:66 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်မှစ၍ တပည့်တော်တို့ထဲမှအများစုသည် ဆုတ်ခွာသွားပြီး ကိုယ်တော်နှင့်အတူမလိုက်မပါတော့ဘဲနေကြ၏။ Common Language Bible ထိုအချိန်မှစ၍တပည့်တော်အများပင် အထံတော်မှဆုတ်ခွာလျက် ကိုယ်တော်နှင့် အတူမလိုက်ဘဲနေကြ၏။- Garrad Bible ထိုနောက်တပည့်တော်များတို့သည်ဆုတ်ခွာ၍ ကိုယ်တော်နှင့်ဆက်လက်မလိုက်ကြသဖြင့်၊ Judson Bible ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့် မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်မှစ၍ တပည့်တော်အများအပြားတို့သည် နောက်တော်သို့ ဆက်၍ မလိုက်ဘဲ စွန့်ခွာသွားကြ၏။ မြန်မာ ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့် မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။- |
ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လှည့်ပြန်သောသူများ၊ ထာဝရဘုရားကို မရှာဖွေ မစူးစမ်းသောသူများကို ငါဖျက်ဆီးပစ်မည်။”
ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွားလေ၏။
ယေရှုကလည်း“ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်တန်”ဟု မိန့်တော်မူ၏။
ယေရှုနှင့်တပည့်တော်တို့သည်လည်း ထိုမင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းခံရကြ၏။
တပည့်တော်တို့ထဲမှအများစုသည် ကြားလျှင် “ဤစကားသည် ပြင်းထန်လှ၏။ မည်သူနားထောင်နိုင်မည်နည်း”ဟု ဆိုကြ၏။
သို့သော် သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည့်အကြောင်းကား မယုံကြည်သောသူတို့သည် မည်သူတို့ဖြစ်ကြသည်ကိုလည်းကောင်း၊ မိမိကိုအပ်နှံမည့်သူသည် မည်သူဖြစ်သည်ကိုလည်းကောင်း ယေရှုသည် အစအဦးကပင် သိထားတော်မူသောကြောင့်ဖြစ်၏။
ညီတော်တို့က ကိုယ်တော်အား “သင်ပြုနေသောအမှုအရာများကို သင်၏တပည့်တို့သည်လည်း မြင်ရရန် ဤအရပ်မှ ထွက်ခွာ၍ ယုဒနယ်သို့ သွားပါလော့။
ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
သင်သိထားသည့်အတိုင်း အာရှပြည်၌ရှိသောသူအားလုံးတို့သည် ငါ့ကိုစွန့်ပယ်ကြပြီ။ ထိုသူတို့တွင် ဖုဂေလုနှင့်ဟေရမောဂင်တို့လည်းပါ၏။
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်မည်။ သူသည် တွန့်ဆုတ်လျှင် ငါ၏စိတ်ဝိညာဉ်သည် သူ့ကိုနှစ်သက်မည်မဟုတ်”ဟူ၍ ဖော်ပြထား၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။