ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 6:62 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် လူ့သားသည် ယခင်နေခဲ့ရာအရပ်သို့တက်သွားသည်ကို သင်တို့မြင်ရပါမူ မည်သို့ဖြစ်မည်နည်း။ Common Language Bible အကယ်၍လူသားသည်မိမိနေရင်းရပ်ထံ သို့တက်ကြွတော်မူသည်ကိုမြင်ကြရပါမူ သင်တို့အဘယ်သို့ထင်မှတ်ကြမည်နည်း။- Garrad Bible လူ့သားသည် စံနေရာရင်းသို့တက်သွားသည်ကိုသင်တို့မြင်ရလျှင် မည်သို့နည်း။ Judson Bible လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန် ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် လူသားသည် ကောင်းကင်သို့ တစ်ဖန် တက်ကြွသည်ကို သင်တို့ မြင်ရပါက မည်သို့ထင်မှတ်ကြမည်နည်း။ မြန်မာ လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန် ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။- |
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
သခင်ယေရှုသည် သူတို့အား ထိုသို့မိန့်တော်မူပြီးနောက် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ငါသည် ခမည်းတော်ထံမှ ကြွလာ၍ ဤလောကသို့ ရောက်ခဲ့၏။ တစ်ဖန် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ သွားတော့မည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်သည် ဤလောက၌ရှိတော့မည်မဟုတ်ပါ။ သူတို့မူကား ဤလောက၌ရှိကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့လာပါ၏။ သန့်ရှင်းတော်မူသောအဖ၊ သူတို့သည် အကျွန်ုပ်တို့နည်းတူ တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အကျွန်ုပ်ထံပေးအပ်တော်မူသော ဤသူတို့ကို ကိုယ်တော်၏နာမတော်၌ စောင့်ရှောက်တော်မူပါ။
ကောင်းကင်မှဆင်းသက်သောလူ့သားမှတစ်ပါး ကောင်းကင်သို့တက်သွားခဲ့သူတစ်စုံတစ်ဦးမျှမရှိ။
ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
“ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိခင်နှင့်ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခု သူသည် အဘယ်ကြောင့်‘ငါသည် ကောင်းကင်မှဆင်းသက်၏’ဟု ဆိုရသနည်း”ဟူ၍ ကိုယ်တော်အကြောင်းကို မကျေမနပ်ပြောဆိုကြ၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ လူ့သား၏အသားကိုမစား၊ သူ၏သွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။
ထိုသို့မိန့်တော်မူပြီးနောက် သူတို့ကြည့်ရှုလျက်နေကြစဉ် ကိုယ်တော်သည် အထက်သို့ချီဆောင်ခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှဆောင်ယူသွားလေ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ကြွတော်မူ၍ ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးတို့ကို မိမိလက်အောက်၌ချထားလျက် ဘုရားသခင်၏လက်ယာတော်ဘက်၌ရှိနေတော်မူ၏။