ရှင်ယောဟန် 6:62 - မြန်မာ62 လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန် ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။- အခန်းကိုကြည့်ပါ။Common Language Bible62 အကယ်၍လူသားသည်မိမိနေရင်းရပ်ထံ သို့တက်ကြွတော်မူသည်ကိုမြင်ကြရပါမူ သင်တို့အဘယ်သို့ထင်မှတ်ကြမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible62 လူ့သားသည် စံနေရာရင်းသို့တက်သွားသည်ကိုသင်တို့မြင်ရလျှင် မည်သို့နည်း။ အခန်းကိုကြည့်ပါ။Judson Bible62 လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန် ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း62 သို့ဖြစ်လျှင် လူ့သားသည် ယခင်နေခဲ့ရာအရပ်သို့တက်သွားသည်ကို သင်တို့မြင်ရပါမူ မည်သို့ဖြစ်မည်နည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း62 သို့ဖြစ်လျှင် လူသားသည် ကောင်းကင်သို့ တစ်ဖန် တက်ကြွသည်ကို သင်တို့ မြင်ရပါက မည်သို့ထင်မှတ်ကြမည်နည်း။ အခန်းကိုကြည့်ပါ။ |
ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။-