ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင်“ယုံကြည်ခြင်းအားနည်းသောသူတို့၊ သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့် အချင်းချင်းအချေအတင်ပြောဆိုကြသနည်း။
ရှင်ယောဟန် 6:43 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“အချင်းချင်းကြားတွင်မကျေမနပ်ပြောဆိုမနေကြနှင့်။ Common Language Bible သခင်ယေရှုက ``သင်တို့အချင်းချင်းညည်းညူ မနေကြနှင့်။- Garrad Bible ယေရှုက အချင်းချင်းမနှီးနှောကြနှင့်။ Judson Bible ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ငါပြောသောစကားကြောင့် မကျေမနပ်မဖြစ်ကြနှင့်။ မြန်မာ ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။- |
ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင်“ယုံကြည်ခြင်းအားနည်းသောသူတို့၊ သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့် အချင်းချင်းအချေအတင်ပြောဆိုကြသနည်း။
ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲ၌ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား“သင်တို့သည် လမ်း၌ မည်သည့်အကြောင်းအရာကို အချေအတင်ပြောဆိုလာခဲ့ကြသနည်း”ဟု မေးတော်မူ၏။
ယေရှုသည် မိမိအား တပည့်တော်တို့မေးလျှောက်လိုကြသည်ကို သိမြင်တော်မူလျှင်“ ‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ရကြမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်’ဟု ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆိုနေကြသလော။
“ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိခင်နှင့်ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခု သူသည် အဘယ်ကြောင့်‘ငါသည် ကောင်းကင်မှဆင်းသက်၏’ဟု ဆိုရသနည်း”ဟူ၍ ကိုယ်တော်အကြောင်းကို မကျေမနပ်ပြောဆိုကြ၏။
ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲငင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကို နောက်ဆုံးသောနေ့၌ ငါသည်ထမြောက်စေမည်။
သို့သော် သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည့်အကြောင်းကား မယုံကြည်သောသူတို့သည် မည်သူတို့ဖြစ်ကြသည်ကိုလည်းကောင်း၊ မိမိကိုအပ်နှံမည့်သူသည် မည်သူဖြစ်သည်ကိုလည်းကောင်း ယေရှုသည် အစအဦးကပင် သိထားတော်မူသောကြောင့်ဖြစ်၏။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။