အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 6:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကျမ်းစာ​၌ ‘ကောင်းကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်မူ​၏’​ဟူ၍ ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​တွင် မန္န​ကို​စား​ရ​ကြ​သည်”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ကောင်းကင်ဘုံထဲမှ စားရန်အစာကိုပေးခဲ့သည်ဟူ၍ကျမ်းချက်ရှိသည့်အတိုင်း အကျွန်ုပ်တို့ဘိုးဘေးများသည် သဲတော၌မန္နမုန့်ကိုစားရပါသည်ဟုလျှောက်ကြရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကျမ်းစာ​တွင် ‘ထို​သူတို့ စား​ရန် သူ​သည် ကောင်းကင်​မှ မုန့်​ကို ပေး၏’ ဟု ရေးသားထားသည့်​အတိုင်း ကျွန်ုပ်တို့​၏ ဘိုးဘေးများ​သည် တောကန္တာရ​၌ မန္နမုန့်​ကို စားကြရ၏” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 6:31
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ဆာလောင်​သောအခါ သူ​တို့​အား ကောင်းကင်​မှ​မုန့်​ကို ချပေး​တော်မူ​၏​။ သူ​တို့​ရေဆာ​သောအခါ ကျောက်​ထဲမှ​ရေ​ကို ထွက်​စေ​တော်မူ​၏​။ ထို​ပြည်​ကို သူ​တို့​အား ပေး​မည်​ဟု ကျိန်ဆို​ထား​သည့်​အတိုင်း ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ရန် မိန့်​တော်မူ​၏​။


သူ​တို့​အား​လမ်းပြသွန်သင်​ပေး​ရန် ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​ကို ချပေး​တော်မူ​၏​။ ကိုယ်တော်​၏​မန္နမုန့်​ကို သူ​တို့​ပါးစပ်​နှင့်​မ​ပြတ်​စေ​ဘဲ ရေဆာ​သောအခါ​တွင်​လည်း ရေ​ကို​ပေး​တော်မူ​၏​။


သူ​တို့​တောင်း​သောအခါ ကိုယ်တော်​သည် ငုံး​ကို​ယူဆောင်​လာ​ပြီး ကောင်းကင်​မှ​မုန့်​ဖြင့် သူ​တို့​ကို​ဝပြော​စေ​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အခြေချ​နေထိုင်​မည့်​ပြည်​သို့​မ​ရောက်​မ​ချင်း အနှစ်​လေးဆယ်​ပတ်လုံး မန္နမုန့်​ကို​စား​ကြ​၏​။ သူ​တို့​သည် ခါနာန်​ပြည်​နယ်နိမိတ်​သို့​မ​ရောက်​မ​ချင်း မန္နမုန့်​ကို​စား​ကြ​၏​။


ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​မှ​မုန့်​ကို သင်​တို့​အား ပေး​ခဲ့​သူ​မှာ မောရှေ​မ​ဟုတ်။ ငါ့​ခမည်းတော်​က​သာ ကောင်းကင်​မှ​စစ်မှန်​သော​မုန့်​ကို သင်​တို့​အား ပေး​တော်မူ​၏။


သင်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေဆုံး​သွား​ကြ​၏။


ဤ​မုန့်​ကား ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုးဘေး​များ​စား​ပြီး သေဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်”​ဟု မိန့်​တော်မူ​၏။


သူ​တို့​အားလုံး​သည် တစ်မျိုးတည်း​သော ဝိညာဉ်ရေး​ဆိုင်ရာ​အစာ​ကို စား​ခဲ့​၍


လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်​ဘဲ ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား​ရှိသမျှ​အားဖြင့် အသက်ရှင်​သည်​ကို သင်​သိမြင်​မည့်​အကြောင်း ကိုယ်တော်​သည် သင့်​ကို​နှိမ့်ချ​လျက် ငတ်မွတ်​စေ​ပြီး သင်​မ​သိ​၊ သင်​၏​ဘိုးဘေး​တို့​လည်း​မ​သိ​သော မန္နမုန့်​ဖြင့် သင့်​အား​ကျွေးမွေး​တော်မူ​ခဲ့​၏​။


ထို​ပြည်​ထွက်​အစားအစာ​ကို​စား​ပြီး နောက်တစ်နေ့​တွင် မန္နမုန့်​ပြတ်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မန္နမုန့်​ကို မ​စား​ရ​ကြ​တော့​ပေ​။ ထို​နှစ်​တွင် ခါနာန်​ပြည်​ထွက်​အသီးအနှံ​ကို စား​ရ​ကြ​၏​။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။