ထိုအခါ တပည့်တော်တို့သည် အားရဝမ်းမြောက်လျက် ကိုယ်တော်ကို လှေပေါ်သို့ခေါ်ဖိတ်လက်ခံကြရာ လှေသည် သူတို့သွားရန်ရည်ရွယ်ထားသည့်အရပ်သို့ ချက်ချင်းရောက်လေ၏။
ထိုအခါသူတို့သည်ဝမ်းမြောက်စွာကိုယ်တော် အားလှေပေါ်သို့ပင့်ဖိတ်ကြ၏။ ထိုနောက်လှေ သည်တစ်ခဏချင်းတွင်ရောက်လိုရာကမ်း ခြေသို့ဆိုက်လေ၏။
တပည့်တော်တို့သည် အားတက်သရောလှေပေါ်တွင်လက်ခံ၍ လှေလည်းသွားကြမည့်ဆိပ်ကမ်းသို့ ချက်ခြင်းဆိုက်ရောက်၏။
လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။
ထိုအခါ တပည့်တော်တို့သည် ယေရှုကို လှေပေါ်သို့ ဝမ်းမြောက်စွာ ကြိုဆိုလက်ခံကြ၏။ ထို့နောက် လှေသည် သူတို့သွား ရန် ရည်ရွယ်သည့်ကမ်းသို့ ချက်ချင်းရောက်သွားလေ၏။
ကင်းစောင့်တို့ကို အနည်းငယ်ကျော်လွန်သွားသောအခါ အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို တွေ့ရပါ၏။ အကျွန်ုပ်ကိုမွေးဖွားသောအမေ့အိမ်အတွင်းခန်းထဲသို့ သူ့ကို အကျွန်ုပ်ခေါ်ဆောင်လာပါ၏။ မရောက်မချင်း သူ့ကို မလွတ်တမ်းဆုပ်ကိုင်ထားပါ၏။
ထို့နောက် သူတို့ရှိရာ လှေပေါ်သို့တက်တော်မူသော် လေသည်ငြိမ်သွားလေ၏။ သူတို့သည် အလွန်အမင်းအံ့သြငေးမောကြ၏။
သို့သော် ကိုယ်တော်က“မကြောက်ကြနှင့်၊ ငါပင်ဖြစ်သည်”ဟု မိန့်တော်မူ၏။
နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် နေရစ်သောလူထုပရိသတ်သည် ထိုအရပ်၌ လှေငယ်တစ်စင်းမှလွဲ၍ အခြားလှေမရှိခဲ့ကြောင်းကိုလည်းကောင်း၊ ထိုလှေ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူမလိုက်မပါဘဲ တပည့်တော်တို့သာ ထွက်သွားခဲ့ကြောင်းကိုလည်းကောင်း သတိပြုမိကြ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။