အကျွန်ုပ်၏အတွင်းဝိညာဉ်ညှိုးငယ်သောအခါ ကိုယ်တော်သာလျှင် အကျွန်ုပ်၏လမ်းကိုသိတော်မူ၏။ လူတို့သည် အကျွန်ုပ်လျှောက်သောလမ်း၌ အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။
ရှင်ယောဟန် 5:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူလဲလျောင်းနေသည်ကို ယေရှုမြင်တော်မူ၍ ကာလကြာမြင့်စွာခံစားနေရသောအဖြစ်ကိုသိသဖြင့်“သင်သည် အကောင်းပကတိဖြစ်လိုသလော”ဟု မေးတော်မူ၏။ Common Language Bible ထိုသူလဲလျောင်းနေသည်ကိုသခင်ယေရှု မြင်တော်မူလျှင် ကာလကြာမြင့်စွာဤသို့ လဲလျောင်းနေခဲ့သည့်အဖြစ်ကိုသိတော်မူ၏။ ထို့ကြောင့်ကိုယ်တော်က ``သင်သည်ကျန်းမာ လိုပါသလော'' ဟုမေးတော်မူ၏။ Garrad Bible ထိုသို့ပက်လက်နေသည်ကို ယေရှုမြင်တော်မူ၍ ကာလရှည်ကြာစွာနာကြောင်းသိသဖြင့် ကျန်းမာလိုသလောဟု မေ:တော်မူသော်၊ Judson Bible ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုသူ လဲလျောင်းနေသည်ကို မြင်၍ နာမကျန်းဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းကို သိတော်မူလျှင် “သင်ကျန်းမာလိုသလော” ဟု မေးတော်မူ၏။ မြန်မာ ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။- |
အကျွန်ုပ်၏အတွင်းဝိညာဉ်ညှိုးငယ်သောအခါ ကိုယ်တော်သာလျှင် အကျွန်ုပ်၏လမ်းကိုသိတော်မူ၏။ လူတို့သည် အကျွန်ုပ်လျှောက်သောလမ်း၌ အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။
ထာဝရဘုရားက “ငါ့ကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါ ထင်ရှားပြ၏။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့နာမကိုမခေါ်သောလူမျိုးအား ‘ဤနေရာတွင် ငါရှိ၏။ ဤနေရာတွင် ငါရှိ၏’ဟု ငါဆို၏။
သင်ဖောက်ပြန်ခြင်း၊ ဟီသံပေးခြင်း၊ ညစ်ညမ်းသောပြည့်တန်ဆာအလုပ်လုပ်ခြင်း စသည့် ရွံရှာဖွယ်ရာတို့ကို ကွင်းပြင်၊ တောင်ကုန်းပေါ်၌ပြုနေသည်ကို ငါမြင်၏။ အို ဂျေရုဆလင်၊ သင်၌အမင်္ဂလာရှိ၏။ မည်မျှကြာအောင် ညစ်ညူးနေမည်နည်း”ဟု မိန့်တော်မူ၏။
“သင့်အတွက် မည်သည့်အမှုကိုပြုစေလိုသနည်း”ဟု မေးတော်မူလျှင် ထိုသူက “မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည် သခင်ဘုရား”ဟု လျှောက်လေ၏။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
နာမကျန်းဖြစ်သူက “သခင်ဘုရား၊ ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကို ရေကန်ထဲသို့ချပေးမည့်သူမရှိပါ။ အကျွန်ုပ်ဆင်းသွားမည်ပြုစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ထက် အလျင်ဦးစွာဆင်းသွားပါသည်”ဟု ပြန်လျှောက်လေ၏။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။