ထို့နောက် လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ အခြားတစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်လျက် သန်စွမ်းလေ၏။
ရှင်ယောဟန် 5:16 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤအရာများကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို လိုက်လံညှဉ်းဆဲကြ၏။ Common Language Bible ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။- Garrad Bible သို့နှင့်အညီ ဥပုသ်နေ့၌ထိုအမှုအရာများကိုပြုတော်မူသည့်အတွက် ယုဒလူမျိုးတို့သည်ယေရှုကို ဒုက္ခရှာကြရာ၊ Judson Bible ထိုအမှုကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့သောအခြင်းအရာများကို ဥပုသ်နေ့၌ ယေရှုပြုတော်မူသောကြောင့် ဂျူးခေါင်းဆောင်တို့သည် ယေရှုကို လိုက်လံနှောင့်ယှက်ကြ၏။ မြန်မာ ထိုအမှုကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။- |
ထို့နောက် လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ အခြားတစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်လျက် သန်စွမ်းလေ၏။
ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးကြ၏။
ထိုအခါ သူတို့သည် ဒေါသစိတ်မွှန်၍ ယေရှုအား မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြ၏။
ဂျူးလူမျိုးတို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင် ကိုယ်တော်သည် သူတို့၏လက်မှလွတ်မြောက်၍ ကြွသွားတော်မူ၏။
‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။
သို့ဖြစ်၍ ဂျူးလူမျိုးတို့က “ယနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင်သည် ကိုယ့်အိပ်ရာကိုဆောင်ယူခြင်းမှာ တရားတော်နှင့်မညီ”ဟု ရောဂါပျောက်ကင်းသောထိုသူအား ပြောဆိုကြ၏။
သို့ရာတွင် အကောင်းပကတိဖြစ်လာသောသူသည် ထိုသို့မိန့်တော်မူသောသူမှာ မည်သူဖြစ်သည်ကိုမသိ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ လူအစုအဝေးရှိနေစဉ် ယေရှုသည် မထင်မရှားထွက်သွားတော်မူသောကြောင့်ဖြစ်၏။
ထိုသူသည်သွား၍ မိမိကိုအကောင်းပကတိဖြစ်စေခဲ့သူမှာ ယေရှုဖြစ်ကြောင်း ဂျူးလူမျိုးတို့အား ပြောကြားလေ၏။
သို့ရာတွင် ယေရှုက“ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းအလုပ်လုပ်၏”ဟု သူတို့အားပြန်၍မိန့်တော်မူ၏။
ထိုအတွက်ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။
ထိုအခါ ဂျေရုဆလင်မြို့သားအချို့တို့က “ဤသူသည် သူတို့သတ်ရန် ရှာကြံနေသောသူမဟုတ်လော။