တပည့်တော်တို့ကား အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။
(တပည့်တော်တို့သည်အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။)
တပည့်တော်တို့ကား အစားအစာဝယ်ရန် မြို့ထဲသို့သွားနှင့်ကြသတည်း။
အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှာ မြို့ထဲသို့သွားကြသည်အခိုက် ဖြစ်သတည်း။-
ထိုအချိန်သည် တပည့်တော်တို့မှာ အစားအစာဝယ်ရန် မြို့ထဲသို့ သွားနေခိုက်ဖြစ်၏။
သို့သော် ကိုယ်တော်က“သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု မိန့်တော်မူ၏။ သူတို့ကလည်း “ဤလူအားလုံးအတွက် အစားအစာများကို အကျွန်ုပ်တို့သွား၍မဝယ်လျှင် အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိပါသည်”ဟု လျှောက်ကြ၏။
ယေရှုနှင့်တပည့်တော်တို့သည်လည်း ထိုမင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းခံရကြ၏။
ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် “မည်သည့်အလိုရှိတော်မူသနည်း”ဟူ၍လည်းကောင်း၊ “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း”ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။
“ကျွန်မပြုခဲ့သမျှသောအရာတို့ကို ထိုသူထုတ်ဖော်ပြောဆိုခဲ့သည်”ဟု သက်သေခံသောရှမာရိအမျိုးသမီး၏စကားကြောင့် ထိုမြို့မှရှမာရိနယ်သားများစွာတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
ယာကုပ်က မိမိ၏သားယောသပ်အား ပေးခဲ့သည့်မြေကွက်အနီးရှိ ရှုခါဟုခေါ်သော ရှမာရိနယ်မှ မြို့တစ်မြို့သို့ရောက်တော်မူ၏။
ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန်ရောက်ရှိလာရာ ယေရှုက“ငါသောက်ဖို့ရေပေးပါ”ဟု ထိုအမျိုးသမီးအား မိန့်တော်မူ၏။