ရှင်ယောဟန် 21:4 - မြန်မာ့စံမီသမ္မာကျမ်း မိုးလင်းချိန်ရောက်သောအခါ ယေရှုသည် ကမ်းစပ်တွင်ရပ်နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ယေရှုဖြစ်ကြောင်းကိုမသိကြ။ Common Language Bible နေထွက်လာသောအခါသခင်ယေရှုသည် ကမ်းစပ်တွင်ရပ်လျက်နေတော်မူ၏။ သို့ရာ တွင်တပည့်တော်တို့သည်သခင်ယေရှုဖြစ် မှန်းကိုမသိကြ။- Garrad Bible ထိုညဉ့်တွင် တစ်ကောင်မျှမရကြ။ နံနက်အချိန်ရောက်သော် ယေရှုသည် ကမ်းပေါ်မှာရပ်နေတော်မူသော်လည်း ယေရှုဖြစ်ကြောင်းတပည့်တော်တို့မသိကြ။ Judson Bible နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုးလင်းသောအခါ ယေရှုသည် ကမ်းစပ်တွင် ရပ်လျက်နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ယေရှုဖြစ်တော်မူကြောင်းကို မသိကြ။ မြန်မာ နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။- |
ထို့နောက် သူတို့ထဲမှနှစ်ဦးသည် တောရွာသို့လမ်းလျှောက်၍ ခရီးသွားကြစဉ် ကိုယ်တော်သည် ခြားနားသောအသွင်သဏ္ဌာန်ဖြင့် ကိုယ်ထင်ရှားပြတော်မူ၏။
ထိုစဉ် သူတို့၏မျက်စိသည်ပွင့်လာ၍ ကိုယ်တော်ဖြစ်ကြောင်းသိကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
ထိုသို့ဆိုပြီးမှ နောက်သို့လှည့်ကြည့်လိုက်ရာ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်ကြောင်းကိုမသိ။