ဤအရာတို့သည် ဘုရားပြုတော်မူသောအမှုတို့တွင် အရိပ်အမြွက်မျှသာ ဖြစ်၏။ အသံတော်ကို သဲ့သဲ့လေးသာ ကြားနေရခြင်းဖြစ်၏။ တန်ခိုးတော်ထစ်ချုန်းသံကို မည်သူနားလည်နိုင်မည်နည်း”ဟု ဆိုလေ၏။
ရှင်ယောဟန် 21:25 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုပြုတော်မူသော အခြားအမှုအရာများစွာရှိသေး၏။ ထိုအမှုအရာများကို တစ်ခုချင်းရေးထားပါက ဤကမ္ဘာကြီး၌ပင် ထိုရေးထားသောကျမ်းဂန်များဆန့်မည်မဟုတ်ဟု ငါထင်မှတ်၏။ Common Language Bible သခင်ယေရှုပြုတော်မူသောအခြားအမှု အရာများစွာရှိသေး၏။ ထိုအမှုအရာရှိ သမျှတို့ကိုမှတ်တမ်းတင်ရမည်ဆိုပါက ပြုစုရမည့်ကျမ်းဂန်များကိုထားရှိရန် ဤ လောကတွင်နေရာရှိမည်မဟုတ်ဟုထင် မြင်ပါသတည်း။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။ Garrad Bible ယေရှုပြုတော်မူသော အခြားအမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှကို ရေးတင်ခဲ့လျှင် ဤလောကပင်မဆံ့နိုင်အောင် ကျန်းဂန်များလိမ့်မည်ငါထင်မှတ်သတည်း။ Judson Bible သူ၏သက်သေခံချက် မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုပြုတော်မူသော အခြားအမှုများစွာရှိသေး၏။ ထိုအမှုရှိသမျှတို့ကို တစ်ခုချင်း ရေးသားပြုစုရလျှင် ထိုရေးသားပြုစုထားသော ကျမ်းဂန်များသည် ကမ္ဘာမဆံ့သည့်တိုင်အောင် များပြားမည်ဟု ကျွန်ုပ်ထင်မြင်မိပါ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ပြီးပါပြီ။ မြန်မာ သူ၏သက်သေခံချက် မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။ |
ဤအရာတို့သည် ဘုရားပြုတော်မူသောအမှုတို့တွင် အရိပ်အမြွက်မျှသာ ဖြစ်၏။ အသံတော်ကို သဲ့သဲ့လေးသာ ကြားနေရခြင်းဖြစ်၏။ တန်ခိုးတော်ထစ်ချုန်းသံကို မည်သူနားလည်နိုင်မည်နည်း”ဟု ဆိုလေ၏။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းကို အကျွန်ုပ် အကုန်အစင်မသိနိုင်သော်လည်း အကျွန်ုပ်၏နှုတ်သည် ထိုအကြောင်းတို့ကို တစ်နေ့လုံးပြောကြားပါမည်။
ထို့ပြင် ငါ့သား၊ ဤအချက်တို့ကိုလည်း သတိပြုလော့။ များစွာသောစာအုပ်တို့ကိုရေးသားပြုစုခြင်းသည် အဆုံးမရှိ။ များစွာလေ့လာဆည်းပူးခြင်းသည်လည်း ကိုယ်ခန္ဓာကိုပင်ပန်းနွမ်းနယ်စေ၏။
ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။
မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။
တစ်ဖန် သင်တို့အား ငါဆိုသည်ကား ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
မျက်မြင်တွေ့ရှိသူများကလည်း နတ်ဆိုးပူးသူ၌ မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း၊ ဝက်တို့အကြောင်းကိုလည်းကောင်း သူတို့အားပြောပြကြ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။