ယေရှုက“ယခုဖမ်းမိသောငါးအချို့ကို ယူခဲ့ကြလော့”ဟု သူတို့အား မိန့်တော်မူသဖြင့်
ရှင်ယောဟန် 21:11 - မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်ရာ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့်ပြည့်လျက်ရှိ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည်မစုတ်ပြဲခဲ့ပေ။ Common Language Bible ရှိမုန်ပေတရုသည်လှေပေါ်သို့တက်၍ငါးကြီး များဖြင့်ပြည့်နေသောပိုက်ကွန်ကိုကုန်းပေါ်သို့ ရောက်အောင်ဆွဲယူလေ၏။ ငါးတစ်ရာ့ငါးဆယ့် သုံးကောင်ကိုမိ၍ ထိုမျှလောက်များပြားသော် လည်းကွန်မှာမစုတ်မပြတ်ချေ။- Garrad Bible ရှိမုန်ပေတရုသည် လှေသို့တက်၍ ငါးကြီးတစ်ရာ့ငါးဆယ့်သုံးကောင်နှင့်ပြည့်သောပိုက်ကို ကုန်းရောက်ဆွဲတင်၏။ ထိုမျှလောက်ငါးများသော်လည်း ပိုက်မစုတ်မပြတ်ချေ။ Judson Bible ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတစ်ရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ရှိမုန်ပေတရုသည် လှေပေါ်သို့ တက်၍ ငါးကြီး တစ်ရာငါးဆယ့်သုံးကောင်နှင့် ပြည့်နေသောပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက်များသောငါးတို့ကို ဖမ်းမိသော်လည်း ပိုက်ကွန်သည် မစုတ်ပြဲပေ။ မြန်မာ ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတစ်ရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။- |
ယေရှုက“ယခုဖမ်းမိသောငါးအချို့ကို ယူခဲ့ကြလော့”ဟု သူတို့အား မိန့်တော်မူသဖြင့်
ယေရှုက“လာ၍နံနက်စာကိုစားကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။
ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။