အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူအား ပုပ်ပျက်ခြင်းနှင့်ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
ရှင်ယောဟန် 20:9 - မြန်မာ့စံမီသမ္မာကျမ်း (သူတို့သည် သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်ရမည်ဟူသောကျမ်းချက်ကို နားမလည်ကြသေး။) Common Language Bible (ကိုယ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် ရမည်ဟူသောကျမ်းစကားကိုထိုသူတို့နား မလည်ကြသေးချေ။)- Garrad Bible သူသေတို့အထဲမှ ကိုယ်တော်ရှင်ပြန်ထမြောက်ရမည်ဆိုသောကျမ်းချက်ကိုကား သူတို့မမြင်မီ နားမလည်ကြချေ။ Judson Bible ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည်ကြသေး။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တိုင်အောင် သူတို့သည် ယေရှုသေခြင်းမှရှင်ပြန်ထမြောက်ရမည်ဟူသော ကျမ်းစကားကို နားမလည်ကြသေးချေ။ မြန်မာ ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည်ကြသေး။- |
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူအား ပုပ်ပျက်ခြင်းနှင့်ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ခန်းခြောက်၍ အကျွန်ုပ်၏လျှာသည် အာခေါင်၌ကပ်နေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းမြေမှုန့်ထဲ၌ထားတော်မူ၏။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
ငါသည် သူတို့ကို မရဏာနိုင်ငံမှ ကယ်နုတ်မည်။ သေမင်းလက်မှ ရွေးနုတ်မည်။ အို သေမင်း၊ သင်၏ဘေးကား အဘယ်မှာနည်း။ အို မရဏာနိုင်ငံ၊ သင်၏အဆိပ်ဆူးကား အဘယ်မှာနည်း။ သင့်ကို ငါမသနားမကြင်နာတော့ပြီ။”
ယေရှုကလည်း“သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိ၍ အယူလွဲနေကြ၏။
ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။
သို့သော် ထိုစကားကို တပည့်တော်တို့နားမလည်စေရန် ဖုံးကွယ်ထားသဖြင့် သူတို့သည် နားမလည်ကြချေ။ ထိုစကားနှင့်ပတ်သက်၍ ကိုယ်တော်အားမေးရန်လည်း သူတို့ကြောက်ကြ၏။
ထို့ကြောင့် ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သောဤစကားကို ပြန်လည်သတိရကာ ကျမ်းစာနှင့် ယေရှုမိန့်တော်မူသောစကားကို ယုံကြည်ကြ၏။
ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရ၍ သေသောသူတို့ထဲမှ ထမြောက်ရမည်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြပြီး သင်တို့အား ငါဟောပြောသောဤယေရှုပင် ခရစ်တော်ဖြစ်သည်ဟုဆိုလေ၏။
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
ထို့နောက် သင်္ဂြိုဟ်ခြင်းကိုခံတော်မူပြီး ကျမ်းစာနှင့်အညီ သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူခဲ့ကြောင်းနှင့်