သို့သော် သူက “မည်သို့ပင် ဖြစ်ပါစေ။ အကျွန်ုပ် ပြေးလိုက်ပါရစေ”ဟုသာ ဆိုသဖြင့် ယွာဘက “ပြေးလိုက်လော့”ဟု ဆိုသည်နှင့် အဟိမတ်သည် လွင်ပြင်လမ်းမှ ပြေးသွားရာ ကုရှိအမျိုးသားကို ကျော်သွား၏။
ရှင်ယောဟန် 20:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့နှစ်ဦးသည် အတူတူပြေးကြသော်လည်း အခြားတပည့်တော်သည် ပေတရုထက် လျင်မြန်စွာပြေး၍ သင်္ချိုင်းတော်သို့ဦးစွာရောက်သဖြင့် Common Language Bible ထိုသူနှစ်ဦးသည်အတူပြေးကြသော်လည်း အခြားတပည့်တော်ကပေတရုထက်လျင် မြန်စွာပြေး၍သင်္ချိုင်းတော်သို့ဦးစွာရောက် လေသည်။- Garrad Bible တစ်ပြိုင်နက်အမြန်သွားကြရာ ထိုတပည့်တော်သည် ပေတရုကိုလွန်၍၊ Judson Bible ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့သူတို့နှစ်ဦး အတူပြေးကြရာ ထိုတပည့်တော်သည် ပေတရုကို ကျော်၍ သင်္ချိုင်းဂူသို့ ဦးစွာရောက်လေ၏။ မြန်မာ ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊- |
သို့သော် သူက “မည်သို့ပင် ဖြစ်ပါစေ။ အကျွန်ုပ် ပြေးလိုက်ပါရစေ”ဟုသာ ဆိုသဖြင့် ယွာဘက “ပြေးလိုက်လော့”ဟု ဆိုသည်နှင့် အဟိမတ်သည် လွင်ပြင်လမ်းမှ ပြေးသွားရာ ကုရှိအမျိုးသားကို ကျော်သွား၏။
ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အနာပေါ်တွင် အမွေးဝါပါးပါးရှိနေလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် ယားနာဖြစ်၏။ ခေါင်း၊ သို့မဟုတ် မေးတို့၌ဖြစ်သော အနာကြီးရောဂါဖြစ်၏။
ထိုအခါ ပေတရုနှင့် ထိုအခြားတပည့်တော်သည် ထွက်လာ၍ သင်္ချိုင်းတော်သို့သွားကြ၏။
ငုံ့ကြည့်လိုက်ရာ ပိတ်ထည်များရှိနေသည်ကိုမြင်ရ၏။ သို့သော် သူသည် အထဲသို့မဝင်ဘဲနေ၏။
ထို့နောက် သင်္ချိုင်းတော်သို့ဦးစွာရောက်သော အခြားတပည့်တော်သည်လည်းဝင်လာ၍ မြင်သဖြင့် ယုံကြည်လေ၏။
အားကစားကွင်းထဲ၌ အပြေးပြိုင်သောသူတို့သည် အားလုံးပြေးကြသည်မှန်သော်လည်း တစ်ဦးတည်းသာ ဆုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုရရှိမည့်အကြောင်း ပြေးကြလော့။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။