သို့သော် သနားစုံမက်တတ်သောကိုယ်တော်သည် သူတို့ကိုမဖျက်ဆီးဘဲ သူတို့၏ဒုစရိုက်ကိုဖြေလွှတ်တော်မူ၏။ မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍ မိမိ၏အမျက်ဒေါသကို အကုန်အစင်နှိုးဆော်တော်မမူခဲ့ပေ။
ရှင်ယောဟန် 20:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သောမအား“သင်၏လက်ညှိုးဖြင့် ဤနေရာကိုတို့၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုလည်း ဆန့်၍ ငါ့နံဘေးထဲသို့ထိုးသွင်းလော့။ မယုံကြည်သောသူမဟုတ်ဘဲ ယုံကြည်သောသူဖြစ်လော့”ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်သောမအား ``သင်၏လက်ညှိုးဖြင့်ဤ နေရာကိုတို့ကြည့်လော့။ ငါ၏လက်များကို ကြည့်လော့။ သင့်လက်ကိုဆန့်၍ငါ၏နံဘေး ကိုစမ်းသပ်လော့။ ယုံမှားသံသယမဖြစ်နှင့်။ ယုံလော့'' ဟုမိန့်တော်မူ၏။ Garrad Bible သောမအား သင့်လက်ညှိုးကိုဆန့်၍ ငါ့လက်များကိုစမ်းသပ်ခြင်း၊ လက်ကိုဆန့်၍ ငါ့နံဘေးကိုနှိုက်ခြင်းပြုလော့။ သံသယကင်း၍ယုံကြည်လော့ဟု မိန့်တော်မူရာ၊ Judson Bible ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် သောမအား “သင့်လက်ညှိုးဖြင့် ဤနေရာကို စမ်း၍ ငါ့လက်တို့ကို ကြည့်လော့။ သင့်လက်ဖြင့် ငါ့နံဘေးရှိ ဒဏ်ရာကိုလည်း စမ်းကြည့်လော့။ သံသယမဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။ မြန်မာ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။- |
သို့သော် သနားစုံမက်တတ်သောကိုယ်တော်သည် သူတို့ကိုမဖျက်ဆီးဘဲ သူတို့၏ဒုစရိုက်ကိုဖြေလွှတ်တော်မူ၏။ မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍ မိမိ၏အမျက်ဒေါသကို အကုန်အစင်နှိုးဆော်တော်မမူခဲ့ပေ။
ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ငါ့လက်နှင့်ငါ့ခြေတို့ကိုကြည့်ကြလော့။ ငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကိုတို့ထိစမ်းသပ်၍ ကြည့်ရှုကြလော့။ အကြောင်းမူကား တစ္ဆေ၌ အရိုး၊ အသားမရှိ။ ငါ၌မူကား သင်တို့မြင်ရသည့်အတိုင်း အရိုး၊ အသားရှိ၏”ဟု
မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်နှင့်ခြေတော်တို့ကို သူတို့အား ပြတော်မူ၏။
ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကိုသည်းခံရမည်နည်း။ သင်၏သားကို ဤနေရာသို့ခေါ်ခဲ့လော့”ဟု မိန့်တော်မူ၏။
ထိုသို့မိန့်တော်မူပြီးနောက် လက်တော်နှင့်နံဘေးတော်တို့ကို သူတို့အားပြတော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားကိုမြင်ရသောအခါ ဝမ်းမြောက်ကြ၏။
သို့ဖြစ်၍ အခြားသောတပည့်တော်တို့က သောမအား “ငါတို့သည် သခင်ဘုရားကိုမြင်ရပြီ”ဟု ဆိုကြ၏။ သို့သော် သောမက “ငါသည် လက်တော်တို့၌ သံရိုက်ရာကိုမမြင်၊ ထိုသံရိုက်ရာထဲသို့ ငါ့လက်ညှိုးကိုမထိုးမသွင်း၊ နံဘေးတော်ထဲသို့လည်း ငါ့လက်ကိုမထိုးမသွင်းရလျှင် မည်သည့်အခါမျှယုံမည်မဟုတ်”ဟု ဆိုလေ၏။
ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏။