ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊
ရှင်ယောဟန် 20:24 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ဒိဒုမုဟုခေါ်သည့် သောမကား ယေရှုကြွလာတော်မူသောအချိန်တွင် သူတို့နှင့်အတူမရှိခဲ့ချေ။ Common Language Bible သခင်ယေရှုကြွလာတော်မူချိန်၌ (အမြွှာပူး ဟုနာမည်တွင်သည့်) သောမကားတပည့်တော် တို့နှင့်အတူမရှိ။- Garrad Bible ယေရှုကြွလာတော်မူသောအခါ တစ်ဆယ့်နှစ်ပါးပါဝင်သူဒိဒုမုခေါ်သောမ မရှိ။ Judson Bible ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တစ်ကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကြွလာတော်မူသောအခါ တပည့်တော်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်သူ အမြွှာပူးဟု အမည်တွင်သော သောမသည် တပည့်တော်တို့နှင့်အတူ မရှိပေ။ မြန်မာ ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တစ်ကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ။- |
ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊
အကြောင်းမူကား လူနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏”ဟု မိန့်တော်မူ၏။
ထိုအခါ ဒိဒုမုဟုခေါ်သည့်သောမက “ကိုယ်တော်နှင့်အတူအသေခံရန် ငါတို့လည်း လိုက်သွားကြစို့”ဟု အခြားတပည့်တော်တို့အားပြောဆို၏။
သောမက “သခင်ဘုရား၊ ကိုယ်တော်သည် မည်သည့်အရပ်သို့ ကြွတော်မူမည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍ ထိုလမ်းကို မည်သို့သိနိုင်ပါမည်နည်း”ဟု လျှောက်လျှင်
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
ယေရှုကလည်း“တစ်ဆယ့်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင်တို့ထဲမှတစ်ဦးသည် မာရ်နတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဤသည်ကား ရှိမုန်၏သား ယုဒဣရှကာရုတ်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ သူသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်လျက် ကိုယ်တော်ကိုအပ်နှံရန် ကြံရွယ်နေ၏။
အချို့သောသူတို့ပြုလေ့ရှိသကဲ့သို့ အတူတကွစည်းဝေးခြင်းအမှုကို မပစ်ပယ်ဘဲ အချင်းချင်းတိုက်တွန်းနှိုးဆော်၍ နေ့ရက်တော်နီးကပ်လာသည်ကိုတွေ့မြင်ရသည်နှင့်အမျှ ပို၍ထိုသို့ပြုကြကုန်စို့။