ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။
ရှင်ယောဟန် 19:40 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ဂျူးလူမျိုးတို့၏သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးစံအတိုင်း အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ထည်များဖြင့်ပတ်စည်းကြ၏။ Common Language Bible သူတို့သည်သခင်ယေရှု၏အလောင်းတော်ကို ယူ၍ယုဒအမျိုးသားတို့၏သင်္ဂြိုဟ်ခြင်းဆိုင် ရာဋ္ဌလေ့ထုံးစံအတိုင်း နံ့သာပေါင်းနှင့်အတူ ပိတ်ဖြင့်ရစ်ပတ်ကြ၏။- Garrad Bible ယုဒလူမျိုးတို့သင်္ဂြိုဟ်ထုံးအတိုင်း ယေရှု၏အလောင်းတော်ကိုနံ့သာပေါင်းထည့်၍ ပိတ်ထည်များနှင့်ပတ်ကြ၏။ Judson Bible ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့နှစ်ဦးသည် ဂျူးတို့၏ သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းနှင့်အညီ ယေရှု၏အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ချောဖြင့် ရစ်ပတ်ကြ၏။ မြန်မာ ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။- |
ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။
ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။
ဤအမျိုးသမီးသည် ဆီမွှေးကို ငါ့ကိုယ်ပေါ်၌ သွန်းလောင်းခဲ့ခြင်းမှာ ငါ့ကိုသင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။
သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
သို့ရာတွင် ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ ပိတ်ထည်ကိုသာတွေ့သဖြင့်ထိုအဖြစ်အပျက်ကိုအံ့သြလျက် မိမိအိမ်သို့ပြန်သွားလေ၏။
ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက“သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။
ထို့ကြောင့် ယေရှုက“ငါ့ကိုသင်္ဂြိုဟ်မည့်နေ့အတွက် သူသည် ဤဆီမွှေးကိုသိမ်းထားခဲ့သည်ဖြစ်၍ သူပြုလိုရာပြုပါစေ။
ထို့နောက် လူငယ်တို့သည်ဝင်လာ၍ သူ၏အလောင်းကို အဝတ်နှင့်ပတ်ရစ်ပြီးလျှင် သယ်ဆောင်သွားလျက် သင်္ဂြိုဟ်ကြလေ၏။