အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 19:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​သော​အရပ်​သည် မြို့​နှင့်​နီး​သည့်​အပြင် ထို​ကမ္ပည်း​ကို ဟေဗြဲ​ဘာသာ၊ လက်တင်​ဘာသာ​နှင့် ဂရိ​ဘာသာ​တို့​ဖြင့် ရေး​ထား​သည်​ဖြစ်၍ များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ၎င်း​ကို​ဖတ်​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​သည့်​အ​ရပ်​မှာ​မြို့​နှင့်​နီး​ကပ်​သ​ဖြင့် လူ​အ​များ​ပင်​ထို​ကမ္ပည်း​လိပ်​စာ​ကို​ဖတ် ကြည့်​ကြ​၏။ ကမ္ပည်း​လိပ်စာ​ကို​ယု​ဒ​ဘာ​သာ၊ လက်​တင်​ဘာ​သာ​နှင့်​ဂ​ရိ​ဘာ​သာ​တို့​ဖြင့် ရေး​သား​ထား​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ယေရှုကိုကားတင်ရာအရပ်သည် မြို့တော်နှင့်နီးသည့်ပြင် ထိုကမ္ပည်းကိုဟေဗြဲ၊ လက်တင်၊ ဂရိတ်ဘာသာများဖြင့် ရေးထားပြီးဖြစ်သောကြောင့် ယုဒလူအများတို့ဖတ်ကြည့်ကြသည်နှင့်

အခန်းကိုကြည့်ပါ။

Judson Bible

ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည်​ဖြစ်၍၊ ထို​လိပ်​စာ​ကို ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့် ရေး​ထား​သော​ကြောင့် ယု​ဒ​လူ​များ​တို့​သည် ဖတ်​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​ကို လက်ဝါးကပ်တိုင်​တွင် ရိုက်ထားသော​နေရာ​သည် မြို့​နှင့် နီးသည့်​အပြင် ထို​ကမ္ပည်း​ကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာ​နှင့် ဂရိဘာသာတို့​ဖြင့် ရေးသားထား​သောကြောင့် ဂျူး​လူမျိုး​များစွာတို့​သည် ထို​စာ​ကို ဖတ်ကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည်​ဖြစ်၍၊ ထို​လိပ်​စာ​ကို ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့် ရေး​ထား​သော​ကြောင့် ယု​ဒ​လူ​များ​တို့​သည် ဖတ်​ကြ၏။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 19:20
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​၏”​ဟူသော​ကမ္ပည်းစာ​ကို​တပ်​ထား​၏။


ပိလတ်​မင်း​သည် ထို​စကား​တို့​ကို​ကြား​သောအခါ ယေရှု​ကို အပြင်​သို့​ခေါ်ဆောင်​လာ​၍ ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂဗ္ဗသ​အမည်​ရှိ​သည့် ကျောက်ခင်း​စင်္ကြံ​ဟု​ခေါ်ဝေါ်​သော​နေရာ​မှ တရားပလ္လင်​ပေါ်တွင် ထိုင်​လေ​၏။


ထို​နေ့​သည် ဂျူး​လူမျိုး​တို့​၏​ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး ထို​သင်္ချိုင်း​ဂူ​သည်​လည်း အနီး​တွင်​ရှိ​သောကြောင့် ယေရှု​ကို ထို​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။


ဂျေရုဆလင်​မြို့​၌ သိုး​တံခါး​အနီး​တွင် ဟေဗြဲ​ဘာသာစကား​အားဖြင့် ဗေသေသဒ​ဟု​ခေါ်​သည့် မုခ်ဆောင်​ငါး​ဆောင်​ရှိ​သော​ရေကန်​တစ်​ကန်​ရှိ​၏။


သူ့​ကို စခန်း​ထဲသို့​ခေါ်ဆောင်​သွား​မည်​ပြု​စဉ်တွင် ပေါလု​သည် တပ်မှူးကြီး​အား “သင်​နှင့်​အနည်းငယ် အကျွန်ုပ်​စကား​ပြော​ခွင့်​ရ​မည်လော”​ဟု ဆို​၏။ တပ်မှူးကြီး​က​လည်း “သင်​သည် ဂရိ​စကား​ကို​ပြော​တတ်​သလော။


တပ်မှူးကြီး​က​လည်း ခွင့်ပြု​သဖြင့် ပေါလု​သည် လှေကား​ပေါ်တွင်​ရပ်​လျက် လူ​တို့​အား လက်ရိပ်​ပြ​ရာ အလွန်​တိတ်ဆိတ်​သွား​လေ​၏။ ထိုအခါ သူ​သည် ဟေဗြဲ​ဘာသာစကား​ဖြင့် ပြောကြား​လျက်


လူ​တို့​သည် မိမိ​တို့​အား ဟေဗြဲ​ဘာသာစကား​ဖြင့်​ပြောကြား​သည်​ကို ကြား​ကြ​သောအခါ ပို၍​တိတ်ဆိတ်​သွား​ကြ​၏။ ထိုအခါ ပေါလု​က


အကျွန်ုပ်​တို့​အားလုံး​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ ဟေဗြဲ​ဘာသာစကား​ဖြင့်‘ရှောလု၊ ရှောလု၊ သင်​သည် အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း။ တုတ်ချွန်​ကို​ကန်​ရန် သင့်​အတွက်​ခက်​၏’​ဟု အကျွန်ုပ်​အား​ပြော​သော​အသံ​ကို အကျွန်ုပ်​ကြား​ရ​ပါ​သည်။


ထို့ကြောင့် ယေရှု​သည်​လည်း မိမိ​၏​သွေး​တော်​အားဖြင့် လူ​တို့​ကို​သန့်ရှင်း​စေ​ရန် မြို့​တံခါး​အပြင်​၌ ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။


ထို​ဝိညာဉ်​တို့​သည် ဘုရင်​များ​ကို ဟေဗြဲ​ဘာသာစကား​အားဖြင့် အာမဂေဒုန်​ဟု​ခေါ်​သော​အရပ်​၌ စုဝေး​စေ​ကြ​၏။


သူ​တို့​၏​ဘုရင်​ကား အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​၏​စေတမန်​ဖြစ်​၏။ ထို​သူ​၏​အမည်​မှာ ဟေဗြဲ​ဘာသာစကား​အားဖြင့် အဗဒ္ဒုန်​ဟူ၍​ဖြစ်ပြီး ဂရိ​ဘာသာစကား​အားဖြင့် အပေါလျုန်​ဟူ၍​ဖြစ်​၏။