ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
ရှင်ယောဟန် 18:29 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပိလတ်မင်းသည် သူတို့ရှိရာအပြင်သို့ ထွက်လာ၍ “သင်တို့သည် ဤသူအပေါ်၌ မည်သည့်စွပ်စွဲချက်ကို တင်ကြသနည်း”ဟု မေးလေ၏။ Common Language Bible သို့ဖြစ်၍ပိလတ်မင်းသည်ထိုသူတို့နှင့်တွေ့ဆုံ ရန်အပြင်သို့ထွက်လာပြီးလျှင် ``ဤသူအား အဘယ်ပြစ်မှုနှင့်စွပ်စွဲကြပါသနည်း'' ဟုမေး၏။ Garrad Bible ဤသူ့အပေါ်တွင် မည်သို့စွဲချက်တင်ကြသနည်းဟုမေးသော်၊ Judson Bible ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရင်ခံပိလတ်မင်းသည် ထိုသူတို့ ရှိရာသို့ ထွက်လာ၍ “သင်တို့သည် ဤလူ အပေါ်၌ မည်သည့်စွဲချက်ကို တင်ကြသနည်း” ဟု မေး၏။ မြန်မာ ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊- |
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
သူတို့ကလည်း “ဤသူသည် အပြစ်ကျူးလွန်သူမဟုတ်လျှင် သူ့ကို အရှင့်ထံသို့ အပ်နှံကြမည်မဟုတ်ပါ”ဟု ပြန်၍လျှောက်ကြ၏။
ထို့ကြောင့် ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။
သို့သော် စွပ်စွဲခံရသူတစ်စုံတစ်ဦးသည် စွပ်စွဲသောသူနှင့်မျက်နှာချင်းဆိုင်၍ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ချေပပြောဆိုခွင့်မရမီ သူ့ကိုလွှဲအပ်ပေးခြင်းသည် ရောမတို့၏ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား အကျွန်ုပ်ဖြေကြားခဲ့ပါသည်။
အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ