ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက်
ရှင်ယောဟန် 18:15 - မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ပါးသည် ယေရှုနောက်တော်သို့ လိုက်သွားကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲသို့ ဝင်လေ၏။ Common Language Bible ရှိမုန်ပေတရုနှင့်အခြားတပည့်တော်တစ်ဦး သည်သခင်ယေရှု၏နောက်တော်ကလိုက်သွား ကြ၏။ အခြားတပည့်တော်သည်ယဇ်ပုရော ဟိတ်မင်း၏အသိဖြစ်၍ သခင်ယေရှုနှင့် အတူယဇ်ပုရောဟိတ်မင်း၏အိမ်တော်ဝင်း အတွင်းသို့လိုက်သွားခွင့်ရပေသည်။- Garrad Bible ရှိမုန်ပေတရုနှင့် တပည့်တော်တစ်ပါးသည် ယေရှုနောက်လိုက်ကြရာ ထိုတပည့်တော်သည် ပရောဟိတ်မင်းနှင့်ကျွမ်းဝင်သူဖြစ်သဖြင့် ပရောဟိတ်မင်း၏ကျောင်းတော့် တံတိုင်းအတွင်းသို့ ယေရှုနှင့်အတူဝင်ရ၏။ Judson Bible ရှိမုန်ပေတရုနှင့် အခြားသော တပည့်တော်တစ်ယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ဦးတို့သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းသူဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းသို့ လိုက်ပါခွင့်ရလေ၏။ မြန်မာ ရှိမုန်ပေတရုနှင့် အခြားသော တပည့်တော်တစ်ယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။- |
ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက်
ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအတွင်းထဲအထိ ကိုယ်တော့်နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ အစောင့်တပ်သားများနှင့်အတူထိုင်လျက် မီးလှုံနေ၏။
ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။
ထို့နောက် အန္နတ်သည် ကိုယ်တော်ကိုချည်နှောင်ထားသည့်အတိုင်း ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပို့လိုက်၏။
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။