ကောင်းကင်ဘုံ၌စိုးစံတော်မူသောအရှင်၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။
ရှင်ယောဟန် 17:1 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤအရာများကိုမိန့်တော်မူပြီးနောက် ကောင်းကင်သို့မျှော်ကြည့်လျက်“အို အဖ၊ အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှားစေနိုင်ရန် သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။ Common Language Bible ဤသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်လျက် ``အို အဖ၊ အချိန် ကျပါပြီ။ သားတော်သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုထွန်းတောက်စေနိုင်ရန် သား တော်၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူပါ။- Garrad Bible ထိုသို့မိန့်တော်မူပြီးနောက် ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်လျက်၊ လျှောက်ဆိုတော်မူသည်မှာ၊ အိုအဘ၊ အချိန်ရောက်ပါပြီ။ သားတော်အားသနားတော်မူသမျှတို့ကို ထာဝရအသက်ပေးစေရန် လူအပေါင်းတို့အပေါ်တွင်အခွင့်အာဏာအပ်နှင်းတော်မူသည့်အတိုင်း သားတော်သည် ကိုယ်တော်၏ဘုန်းကိုထင်ရှားစေခွင့်ရခြင်းငှါ သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။ Judson Bible ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အို အဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်လျက် “အို အဖ… အချိန်ကျပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ရန် ကိုယ်တော်သည် သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။ မြန်မာ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အို အဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။- |
ကောင်းကင်ဘုံ၌စိုးစံတော်မူသောအရှင်၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။
ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။
ထို့နောက် ကိုယ်တော်သည် တတိယအကြိမ်ပြန်လာ၍“ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ တော်လောက်ပေ၏။ အချိန်ရောက်လာပြီ။ ကြည့်ရှုလော့။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
ငါသည် နေ့တိုင်း သင်တို့နှင့်အတူဗိမာန်တော်၌ရှိစဉ် သင်တို့သည်ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏”ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုအကြောင်းကိုကြားလျှင်“ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် လူတို့သည် ကျောက်တုံးကိုဖယ်ရှားကြ၏။ ထိုအခါ ယေရှုသည် အထက်သို့မော်ကြည့်လျက်“အို အဖ၊ အကျွန်ုပ်တောင်းလျှောက်သည်ကို နားညောင်းတော်မူပြီဖြစ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
ပသခါပွဲတော်မတိုင်မီ၌ ယေရှုသည် ဤလောကမှထွက်ခွာပြီး ခမည်းတော်ထံသို့သွားရမည့် မိမိအချိန်ရောက်လာသည်ကို သိတော်မူ၍ ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူလျက် အဆုံးတိုင်အောင်ချစ်တော်မူ၏။
ကြည့်ရှုလော့။ သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည် တစ်ကိုယ်တည်းမဟုတ်။
ထိုအခါ လူတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန်ကြိုးစားကြသော်လည်း ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဆီးကြချေ။
ဤသည်ကား ကိုယ်တော်ကိုယုံကြည်သောသူတို့ခံယူရရှိမည့် ဝိညာဉ်တော်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ယေရှုသည် ဘုန်းတော်ထင်ရှားခြင်းမရှိသေးသဖြင့် ဝိညာဉ်တော်ကိုပေးတော်မမူသေး။
ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ ငါတို့ဘိုးဘေးများ၏ဘုရားသည် မိမိအမှုဆောင်ယေရှု၏ဘုန်းတော်ကို ထင်ရှားစေတော်မူပြီ။ သင်တို့သည် ထိုအရှင်ကို ဖမ်းဆီးအပ်နှံ၍ သူ့ကိုလွှတ်ပေးမည်ဟုဆုံးဖြတ်ထားသောပိလတ်မင်းရှေ့၌ ငြင်းပယ်ကြ၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။