ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
ရှင်ယောဟန် 16:15 - မြန်မာ့စံမီသမ္မာကျမ်း ခမည်းတော်၌ရှိသောအရာအားလုံးတို့သည် ငါနှင့်ဆိုင်သောအရာဖြစ်၏။ ထို့ကြောင့် ဝိညာဉ်တော်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြမည်ဟု ငါဆိုခဲ့၏။ Common Language Bible ခမည်းတော်၌ရှိသမျှသည်ငါနှင့်စပ်ဆိုင် ၏။ သို့ဖြစ်၍ဝိညာဉ်တော်သည်ငါထံမှရရှိ သည့်စကားကို သင်တို့အားပြောကြားတော် မူလိမ့်မည်ဟုငါပြောသတည်း။'' Garrad Bible ခမည်းတော်၌ရှိသမျှသည် ငါပိုင်ဆိုင်ရာဖြစ်သောကြောင့် ငါပိုင်ဆိုင်ရာကိုခံယူလျက် သင်တို့အားညွှန်ပြတော်မူလိမ့်မည်ဟု ငါပြောဆို၏။ Judson Bible ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟု ငါပြော၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော်နှင့် သက်ဆိုင်သမျှသောအရာတို့သည် ငါနှင့် သက်ဆိုင်၏။ ထို့ကြောင့် ‘ဝိညာဉ်တော်သည် ငါ့ထံမှ ရရှိသောသမ္မာတရားကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်’ ဟု ငါပြောဆိုခဲ့၏။ မြန်မာ ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟု ငါပြော၏။ |
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ”ဟု မြွက်ဆိုတော်မူ၏။
ယေရှုသည် အရာခပ်သိမ်းတို့ကို မိမိလက်သို့ ခမည်းတော်ပေးအပ်တော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာပြီး ဘုရားသခင်ထံသို့ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့်
ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်ပိုင်သောအရာအားလုံးတို့ကို ကိုယ်တော်ပိုင်တော်မူပြီး ကိုယ်တော်ပိုင်သောအရာတို့ကိုလည်း အကျွန်ုပ်ပိုင်သည်ဖြစ်၍ အကျွန်ုပ်သည် ထိုအရာများအားဖြင့် ဘုန်းထင်ရှားခြင်းရှိပါပြီ။
အကြောင်းမှာ ကိုယ်တော်သည် သားတော်အား လူသားအားလုံးကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူပြီ။ ဤသည်ကား သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးနိုင်ရန်အတွက်ဖြစ်ပါ၏။
ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ အရာခပ်သိမ်းတို့ကို သားတော်လက်သို့ပေးအပ်တော်မူပြီ။
အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊
ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။