ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 16:11 - မြန်မာ့စံမီသမ္မာကျမ်း ဤလောကကိုအုပ်ချုပ်သူသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့် တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ဖော်ပြမည်။ Common Language Bible လောကကိုအစိုးရသူသည်တရားစီရင် ခြင်းကိုခံရပြီဖြစ်သောကြောင့် တရားစီရင် တော်မူခြင်းအကြောင်းကိုဖော်ပြမည်။'' Garrad Bible ဤလောကမင်းသည် စီရင်ဆုံးဖြတ်ခံရပြီးဖြစ်သည့်အတွက် စီရင်ဆုံးဖြတ်ခြင်းများကြောင့်တည်း။ Judson Bible ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဖော်ပြမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားစီရင်တော်မူခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ လောကကို အုပ်စိုးသောမင်းသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့်ပင်။ မြန်မာ ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဖော်ပြမည်။ |
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
“ကြည့်ရှုလော့။ ဤသူကား ငါရွေးကောက်သော ငါ၏အမှုဆောင်၊ ငါ၏စိတ်ဝိညာဉ်နှစ်သက်သည့် ငါချစ်သောသူပေတည်း။ ငါသည် သူ့အပေါ်၌ ငါ၏ဝိညာဉ်ကိုတည်စေသဖြင့် သူသည် လူမျိုးတကာတို့အား တရားမျှတမှုကို ကြေညာလိမ့်မည်။
သင်တို့အား ငါဆိုသည်ကား လူတို့သည် မိမိတို့ပြောဆိုသည့် အကျိုးမရှိသောစကားအားလုံးအတွက် တရားစီရင်တော်မူရာနေ့၌ ဖြေရှင်းချက်ပေးကြရမည်။
ကိုယ်တော်ကလည်း“စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။
ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။
ငါသည် သင်တို့နှင့် များစွာပြောတော့မည်မဟုတ်။ အကြောင်းမူကား ဤလောကကိုအုပ်ချုပ်သူသည် ရောက်လာတော့မည်။ သူသည် ငါ့အပေါ်၌ မည်သည့်အခွင့်အာဏာမျှမရှိ။
သင်တို့အား ငါပြောစရာများစွာရှိသေးသော်လည်း သင်တို့သည် ယခုမခံယူနိုင်ကြ။
ထို့နောက် ကိုယ်တော်က ကိုယ်တော်သာလျှင်အသက်ရှင်သောသူနှင့်သေလွန်သောသူတို့ကိုတရားစီရင်သူအဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောအရှင်ဖြစ်ကြောင်း လူတို့အားဟောပြောရန်နှင့် သက်သေခံရန် ငါတို့အား မိန့်မှာတော်မူ၏။
သို့သော် ပေါလုက ဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဆွေးနွေးပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခုသွားဦးလော့။ နောက်မှ အချိန်ရသောအခါ သင့်ကို ငါခေါ်ဦးမည်”ဟု ဆိုလေ၏။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
အာကာသနှင့်ဆိုင်သောအာဏာစက်ကို စွဲကိုင်အုပ်ချုပ်သူတည်းဟူသော နာခံမှုမရှိသောသူတို့ထဲ၌ ယခုအလုပ်လုပ်နေသည့် ဝိညာဉ်အလိုအတိုင်း ဤလောက၏လမ်းစဉ်နှင့်အညီ ထိုအပြစ်များတွင် အသက်ရှင်လျှောက်လှမ်းခဲ့ကြ၏။
အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
ဗတ္တိဇံနှင့်ဆိုင်သောသွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရပြစ်ဒဏ်စီရင်ခြင်း စသည့်အကြောင်းအရာများ၌ ထပ်၍အခြေမပြုဘဲနေကြကုန်စို့။
ယခုရှိသော ကောင်းကင်နှင့်မြေကြီးမူကား ထိုနှုတ်ကပတ်တော်အားဖြင့် မီးအတွက်သိုမှီးထားခြင်းခံရ၍ ဘုရားတရားမဲ့သောသူတို့၏ပျက်စီးခြင်းနှင့် တရားစီရင်ခြင်းနေ့ရက်တိုင်အောင် ထိန်းသိမ်းထားခြင်းခံရလျက်ရှိ၏။
အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။