ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
ရှင်ယောဟန် 14:28 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သွားသော်လည်း သင်တို့ထံသို့ပြန်လာဦးမည်ဟု ငါပြောခဲ့သည်ကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်ကြလျှင် ခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် ကြီးမြတ်တော်မူ၏။ Common Language Bible `ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်' ဟုပြောသည်ကိုသင်တို့ ကြားခဲ့ကြပြီ။ ခမည်းတော်သည်ငါ့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍သင်တို့ငါ့ ကိုချစ်လျှင်ခမည်းတော်ထံသို့ငါသွား သည်ကိုဝမ်းမြောက်ကြလိမ့်မည်။- Garrad Bible ငါသည်ထွက်သွားပြီးလျှင်လာဦးမည်ဟူ၍ ငါပြောသည်ကို သင်တို့ကြားကြပြီ။ သင်တို့သည်ငါ့ကိုချစ်ခဲ့လျှင် ငါ့ထက်ခမည်းတော်ကြီးမြတ်သောကြောင့်ခမည်းတော်ထံ ငါသွားသည်ကိုထောက်၍ ဝမ်းမြောက်ကြလေပြီ။ Judson Bible ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ မြန်မာ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။- |
ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာသွန်းစေ၍ ကိုယ်တော်၏အမွေတော်သည် အားအင်ကုန်ခန်းသောအခါ ၎င်းကို ပြန်လည်လန်းဆန်းစေတော်မူ၏။
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
“ကြည့်ရှုလော့။ ဤသူကား ငါရွေးကောက်သော ငါ၏အမှုဆောင်၊ ငါ၏စိတ်ဝိညာဉ်နှစ်သက်သည့် ငါချစ်သောသူပေတည်း။ ငါသည် သူ့အပေါ်၌ ငါ၏ဝိညာဉ်ကိုတည်စေသဖြင့် သူသည် လူမျိုးတကာတို့အား တရားမျှတမှုကို ကြေညာလိမ့်မည်။
သို့သော် ငါဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်သော်လည်း ထိုအမှုတော်များကို ယုံကြည်ကြလော့။ ထိုသို့ယုံကြည်ပါက ခမည်းတော်သည် ငါ၌ရှိတော်မူလျက် ငါသည် ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍နားလည်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။
ငါသည် သင်တို့ကို မိဘမဲ့အဖြစ် ပစ်ထားမည်မဟုတ်။ သင်တို့ထံသို့ ငါပြန်လာဦးမည်။
သို့သော် ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ငါသွားရခြင်းသည် သင်တို့အတွက်အကျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ငါမသွားလျှင် ကူညီမစသူသည် သင်တို့ထံသို့လာမည်မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
တစ်ဖန် ယေရှုက“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ ငါသည်လည်း သင်တို့ကိုစေလွှတ်၏”ဟု မိန့်တော်မူ၏။
ထိုအတွက်ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။
ထိုအခါ ယေရှုက“ငါသည် သင်တို့နှင့်အတူ နောက်ထပ် ခဏနေပြီးလျှင် ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ သွားမည်။
သို့သော် သင်တို့အား ငါသိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။