သူတို့က “အကျွန်ုပ်တို့တတ်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“ငါသောက်မည့်ခွက်ကို သင်တို့သောက်ကြလိမ့်မည်။ ငါခံမည့်ဗတ္တိဇံကိုလည်း သင်တို့ခံကြလိမ့်မည်။
ရှင်ယောဟန် 13:37 - မြန်မာ့စံမီသမ္မာကျမ်း ပေတရုကလည်း “သခင်ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်နောက်သို့ ယခုမလိုက်နိုင်ရသနည်း။ ကိုယ်တော်အတွက် အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်”ဟု လျှောက်လေ၏။ Common Language Bible ပေတရုက ``သခင်၊ အဘယ်ကြောင့်ယခု အကျွန်ုပ်မလိုက်နိုင်ပါသနည်း။ ကိုယ်တော် ၏အတွက်အကျွန်ုပ်သည်အသက်ကိုပင်စွန့် ပါမည်'' ဟုလျှောက်၏။ Garrad Bible ပေတရုက အရှင်ဘုရား၊ အဘယ်ကြောင့်ယခုမလိုက်နိုင်ပါသနည်း။ တပည့်တော်သည် ကိုယ်တော့်အတွက် အသက်စွန့်ပါမည်ဟုလျှောက်သည့်ကာလ၊ Judson Bible ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုက “သခင်… အဘယ်ကြောင့် အကျွန်ုပ် ယခုမလိုက်နိုင်ရပါသနည်း။ သခင့်အတွက် အသက်စွန့်ရန် အကျွန်ုပ်အသင့်ရှိနေပါသည်” ဟု လျှောက်၏။ မြန်မာ ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊- |
သူတို့က “အကျွန်ုပ်တို့တတ်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“ငါသောက်မည့်ခွက်ကို သင်တို့သောက်ကြလိမ့်မည်။ ငါခံမည့်ဗတ္တိဇံကိုလည်း သင်တို့ခံကြလိမ့်မည်။
ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား“ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော”ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့”ဟု မိန့်တော်မူ၏။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထိုအခါ ပေါလုက “သင်တို့သည် ငိုကြွေးလျက်၊ ငါ၏စိတ်နှလုံးကိုကြေကွဲစေလျက် မည်သည့်အရာကို ပြုကြသနည်း။ ငါသည် သခင်ယေရှု၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ ချည်နှောင်ခြင်းခံရရန်သာမက အသေခံရန်ပင် အသင့်ရှိသည်”ဟု ပြန်ပြော၏။