သင်သည် အမှုအရာများစွာကို မြင်တွေ့သော်လည်း အလေးမထား။ နားပွင့်နေသော်လည်း မကြား။
ရှင်ယောဟန် 11:37 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့ထဲမှအချို့တို့က “မျက်မမြင်ကိုမျက်စိမြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်းမသေစေရန် မတတ်နိုင်သလော”ဟု ဆိုကြ၏။ Common Language Bible အချို့သောသူတို့ကမူ ``မျက်မမြင်ကို မျက်စိမြင်စေသောသူသည်လာဇရုကို မသေရအောင်မတတ်နိုင်ပါသလော'' ဟု ဆိုကြ၏။ Garrad Bible အချို့ကလည်း သူကန်း၏မျက်စိပွင့်စေသောဤသူသည် လာဇရုကိုမသေအောင် မတတ်နိုင်လောဟု ဆိုကြ၏။ Judson Bible အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှာ မတတ်နိုင်သလောဟုဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် အချို့သောသူတို့က “မျက်မမြင်ကို မြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်း မသေစေရန် မတတ်နိုင်သလော” ဟု ဆိုကြ၏။ မြန်မာ အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှာ မတတ်နိုင်သလောဟုဆိုကြ၏။ |
သင်သည် အမှုအရာများစွာကို မြင်တွေ့သော်လည်း အလေးမထား။ နားပွင့်နေသော်လည်း မကြား။
ငါတို့တွေ့မြင်၍ ယုံကြည်နိုင်ရန် အစ္စရေးဘုရင်ဖြစ်သောခရစ်တော်သည် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာပါစေ”ဟု အချင်းချင်းပြောဆိုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသောသူတို့သည်လည်း ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။
ဆွဲထားခြင်းခံရသောရာဇဝတ်သားတို့ထဲမှ တစ်ဦးသည်လည်း ကိုယ်တော်ကိုစော်ကားလျက် “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်တင်၍ ငါတို့ကိုလည်းကယ်တင်လော့”ဟု ဆို၏။
မာသက ယေရှုအား “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ။
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။