ငါ့ထံမှတောင်းလော့။ တောင်းလျှင် တိုင်းနိုင်ငံတို့ကို သင်၏အမွေအဖြစ် ငါပေး၍ ကမ္ဘာမြေအစွန်းတိုင်အောင် သင်၏ပိုင်ဆိုင်ရာဖြစ်စေမည်။
ရှင်ယောဟန် 11:22 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်ထံ ကိုယ်တော်တောင်းလျှောက်သမျှသောအရာတို့ကို ကိုယ်တော်အား ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း ယခုလည်း ကျွန်မသိပါ၏”ဟု လျှောက်လေ၏။ Common Language Bible ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။ Garrad Bible ယခုလည်း ဘုရားသခင့်ထံကိုယ်တော်တောင်းလျှောက်သမျှအတိုင်း ဘုရားသခင်သနားတော်မူမည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်သော်၊ Judson Bible ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယခုလည်း သခင်တောင်းလျှောက်လျှင် တောင်းသမျှကို ဘုရားသခင်သည် ပေးတော်မူမည်ဖြစ်ကြောင်း ကျွန်မသိပါ၏” ဟု လျှောက်လေ၏။ မြန်မာ ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- |
ငါ့ထံမှတောင်းလော့။ တောင်းလျှင် တိုင်းနိုင်ငံတို့ကို သင်၏အမွေအဖြစ် ငါပေး၍ ကမ္ဘာမြေအစွန်းတိုင်အောင် သင်၏ပိုင်ဆိုင်ရာဖြစ်စေမည်။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
ယေရှုကလည်း“တတ်နိုင်လျှင်ဟုဆိုရသလော။ ယုံကြည်သောသူအတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
အကြောင်းမှာ ကိုယ်တော်သည် သားတော်အား လူသားအားလုံးကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူပြီ။ ဤသည်ကား သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးနိုင်ရန်အတွက်ဖြစ်ပါ၏။
ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ အရာခပ်သိမ်းတို့ကို သားတော်လက်သို့ပေးအပ်တော်မူပြီ။
ဘုရားသခင်သည် အပြစ်သားတို့ကိုနားညောင်းတော်မမူ။ သို့သော် မည်သူမဆို ဘုရားသခင်ကိုရိုသေလေးမြတ်၍ အလိုတော်ကိုဆောင်ရွက်လျှင် ထိုသူကိုဘုရားသခင်နားညောင်းတော်မူကြောင်း အကျွန်ုပ်တို့သိကြပါ၏။