“ဖယ်ကြလော့။ မိန်းကလေးသေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
ရှင်ယောဟန် 11:13 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် လာဇရု၏သေဆုံးခြင်းကိုရည်ညွှန်း၍ မိန့်တော်မူသော်လည်း အနားယူအိပ်စက်ခြင်းကိုရည်ညွှန်း၍ မိန့်တော်မူသည်ဟု တပည့်တော်တို့ထင်မှတ်ကြ၏။ Common Language Bible သခင်ယေရှုကလာဇရုသေကြောင်းကို ရည်မှတ်၍ထိုသို့မိန့်တော်မူသော်လည်း သာ မန်အိပ်ပျော်ကြောင်းကိုဆိုလိုတော်မူသည် ဟုတပည့်တော်တို့ထင်မှတ်ကြ၏။- Garrad Bible ထိုသို့ယေရှုသည် သေခြင်းကိုရည်လျက်မိန့်တော်မူခဲ့သော်လည်း အိပ်ပျော်ခြင်းအကြောင်းမိန့်တော်မူသည်ဟု တပည့်တော်တို့ထင်မှတ်ကြသဖြင့်၊ Judson Bible ယေရှုသည် လာဇရုသေကြောင်းကိုရည်မှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက လာဇရုသေဆုံးကြောင်းကို ဆိုလိုတော်မူသော်လည်း ပုံမှန်အတိုင်းအိပ်ပျော်နေကြောင်း ဆိုလိုတော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။ မြန်မာ ယေရှုသည် လာဇရုသေကြောင်းကိုရည်မှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။- |
“ဖယ်ကြလော့။ မိန်းကလေးသေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
လူအပေါင်းတို့သည် သူငယ်မအတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးနေကြ၏။ ကိုယ်တော်ကလည်း“မငိုကြွေးကြနှင့်။ သူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူရာ
ထိုသို့မိန့်တော်မူပြီးနောက်“ငါတို့၏မိတ်ဆွေလာဇရုသည် အိပ်ပျော်လေပြီ။ သို့ရာတွင် သူ့ကိုနှိုးရန် ငါသွားမည်”ဟု မိန့်တော်မူ၏။
ထိုအခါ တပည့်တော်တို့က “သခင်ဘုရား၊ သူအိပ်ပျော်ပြီဆိုလျှင် သက်သာပါလိမ့်မည်”ဟု လျှောက်ကြ၏။