သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍ ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
ရှင်ယောဟန် 10:32 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင် Common Language Bible သခင်ယေရှုက ``ခမည်းတော်စေခိုင်းတော်မူ သဖြင့် ငါသည်ကောင်းမြတ်သောအမှုများ ကိုပြုခဲ့၏။ ၎င်းအမှုများအနက်အဘယ် အမှုကြောင့်ငါ့အားသင်တို့ခဲနှင့်ပေါက်လို ကြသနည်း'' ဟုမေးတော်မူ၏။ Garrad Bible ယေရှုက ခမည်းတော်ထံမှကောင်းသောအမှုများကိုငါပြခဲ့ရာ မည်သည့်အမှုကြောင့်ပစ်ခတ်ကြသနည်းဟု မေးတော်မူသည့်ကာလ၊ Judson Bible ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ခမည်းတော်၏ ညွှန်ကြားချက်နှင့်အညီ ကောင်းသောအမှုများကို ငါပြခဲ့၏။ ထိုအမှုများထဲမှ မည်သည့်အမှုကြောင့် ငါ့ကို ခဲနှင့် ပေါက်သတ်ကြမည်နည်း” ဟု မေးတော်မူ၏။ မြန်မာ ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊- |
သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍ ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ထို့ပြင် ယေရမိက ဇေဒကိမင်းကြီးအား “အကျွန်ုပ်ကို ထောင်ချရအောင် အကျွန်ုပ်သည် မင်းကြီးနှင့် မင်းကြီး၏အစေအပါးများ၊ ဤပြည်သူပြည်သားများကို မည်သို့ပြစ်မှားမိသနည်း။
မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။
ယေရှုကလည်း“သင်တို့ကို ငါပြောခဲ့သော်လည်း သင်တို့မယုံကြည်ကြ။ ငါ့ခမည်းတော်၏နာမတော်အားဖြင့် ငါပြုနေသောအမှုများသည် ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။
ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။
ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။
ငါသည် ငါ့ခမည်းတော်၏အမှုတော်များကို မဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်ကြနှင့်။
ငါ၌မူကား ယောဟန်ထက် ကြီးမြတ်သောသက်သေခံချက်ရှိ၏။ ငါပြီးမြောက်အောင်ဆောင်ရွက်ရန် ငါ့အားခမည်းတော်ပေးအပ်တော်မူသောအမှုများဖြစ်သည့် ယခုငါပြုနေသောအမှုများကပင် ခမည်းတော်သည် ငါ့အားစေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။