ထာဝရဘုရားသည် မျက်မမြင်တို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် ကိုင်းညွတ်နိမ့်ကျနေသောသူတို့ကို ထူမတော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
ရှင်ယောဟန် 10:21 - မြန်မာ့စံမီသမ္မာကျမ်း အခြားသောသူတို့က “ဤစကားတို့သည် နတ်ဆိုးပူးသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်မမြင်တို့ကိုမျက်စိမြင်စေနိုင်ပါမည်လော”ဟု ဆိုကြ၏။ Common Language Bible သို့ရာတွင်အခြားသူတို့က ``နတ်မိစ္ဆာစွဲကပ်သူ သည် ဤသို့သောစကားကိုမပြောမဆိုနိုင်ရာ။ နတ်မိစ္ဆာစွဲကပ်သူသည်အဘယ်သို့လျှင် မျက်မ မြင်များကိုမျက်စိမြင်စေနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ Garrad Bible အချို့က ဤစကားများသည် နတ်ပူးသူ၏စကားမဟုတ်၊ နတ်သည်သူကန်း၏မျက်စိကို ပွင့်စေနိုင်သလောဟုဆိုကြ၏။ Judson Bible အချို့တို့က၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကား မဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်းငှာ တတ်နိုင်သလောဟုဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားသူများက “သူ၏ စကားတို့သည် နတ်ဆိုးပူးသောသူ၏ စကားများနှင့် မတူပါ။ နတ်ဆိုးသည် မျက်မမြင်တို့ကို မြင်စေနိုင်မည်လော” ဟု ပြောဆိုကြ၏။ မြန်မာ အချို့တို့က၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကား မဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်းငှာ တတ်နိုင်သလောဟုဆိုကြ၏။ |
ထာဝရဘုရားသည် မျက်မမြင်တို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် ကိုင်းညွတ်နိမ့်ကျနေသောသူတို့ကို ထူမတော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
နားကိုစိုက်ထားသောအရှင်သည် မကြားဘဲနေတော်မူမည်လော။ မျက်စိကိုပုံဖော်ဖန်ဆင်းသောအရှင်သည် မမြင်ဘဲနေတော်မူမည်လော။
ထာဝရဘုရားက မောရှေအား “လူ၏နှုတ်ကို မည်သူဖန်ဆင်းသနည်း။ ဆွံ့အသောသူ၊ နားမကြားသောသူ၊ မျက်စိမြင်သောသူ၊ မျက်စိမမြင်သောသူတို့ကို မည်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။
ထိုအခါ နတ်ဝိဇ္ဇာဆရာတို့က ဖာရောမင်းကြီးအား “ဤအမှုသည် ဘုရားသခင်ပြုတော်မူသောအမှုဖြစ်၏”ဟု လျှောက်ကြ၏။ သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် သူတို့၏စကားကိုနားမထောင်ဘဲနေ၏။
ကြားတတ်သောနား၊ မြင်တတ်သောမျက်စိ၊ ဤအရာနှစ်ပါးစလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူ၏။
မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
ထိုစဉ်က ဂျေရုဆလင်မြို့၌ ဗိမာန်တော်သန့်စင်ခြင်းအထိမ်းအမှတ်ပွဲတော်ရှိ၏။ အချိန်ကား ဆောင်းကာလဖြစ်၏။
ထိုသို့မိန့်တော်မူပြီးနောက် မြေပေါ်သို့တံတွေးထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးလျှင် မျက်မမြင်၏မျက်စိကို ထိုရွှံ့နှင့်လူးလျက်