ရှင်ယောဟန် 1:1 - မြန်မာ့စံမီသမ္မာကျမ်း အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ Common Language Bible ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။- Garrad Bible အစအဦး၌နှုတ်ကပတ်တော်တည်၏။ နှုတ်ကပတ်တော်သည် ဘုရားသခင့်အပါးတော်တွင်ရှိ၏။ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်ပေတည်း။ Judson Bible အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နှုတ်ကပတ်တော်သည် အစဦးကပင် ရှိတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ မြန်မာ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- |
အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ကာလအစဉ်အဆက်တည်၍ တရားမျှတသောရာဇလှံတံသည် ကိုယ်တော့်နိုင်ငံတော်၏ရာဇလှံတံဖြစ်ပါ၏။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
“ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူ၍ ဖြစ်၏။)
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ငါသည် ခမည်းတော်ထံမှ ကြွလာ၍ ဤလောကသို့ ရောက်ခဲ့၏။ တစ်ဖန် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ သွားတော့မည်”ဟု မိန့်တော်မူ၏။
အို အဖ၊ ဤကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်ခံစားရသောဘုန်းအသရေတော်အားဖြင့် ယခုပင် အကျွန်ုပ်ကို အထံတော်ပါး၌ ဘုန်းထင်ရှားစေတော်မူပါ။
ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ အာဗြဟံမမွေးဖွားမီကပင် ငါရှိ၏”ဟု မိန့်တော်မူ၏။
ရှေးဘိုးဘေးတို့သည် သူတို့နှင့်ဆက်နွှယ်ကြ၍ ခရစ်တော်သည်လည်း လူသားအနေဖြင့် သူတို့ထဲမှပေါ်ထွန်းတော်မူ၏။ ထိုအရှင်သည် အရာခပ်သိမ်းတို့အထက်၌ရှိ၍ ကာလအစဉ်အဆက်မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။
အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၌ ရှေးကာလများမှစ၍ ဝှက်ထားခြင်းခံရသည့် လျှို့ဝှက်နက်နဲသောအရာနှင့်ဆိုင်သော စီမံခန့်ခွဲမှုသည် မည်သည့်အရာဖြစ်သည်ကို လူအပေါင်းတို့တွင် သိသာထင်ရှားစေရန်ဖြစ်၏။
ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ
သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။
သားတော်သည် ခပ်သိမ်းသောအရာတို့ထက် အလျင်ဦးစွာရှိနှင့်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌စုပေါင်းတည်ရှိကြ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်၏ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာရှိသောမျှော်လင့်ခြင်းကို စောင့်မျှော်ရန်လည်းကောင်း ဆုံးမသွန်သင်လျက်ရှိ၏။
သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက်တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။
ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။
ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက်“မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
ယောဟန်သည်လည်း သူတွေ့မြင်သမျှသော ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုခရစ်တော်နှင့်ဆိုင်သည့် သက်သေခံချက်တို့ကို သက်သေခံလေ၏။
ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
သူသည် သွေး၌နှစ်ထားသောဝတ်ရုံကိုဝတ်ထားလျက် သူ၏အမည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်ဟု ခေါ်၏။
စမုရနမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အဦးဆုံးနှင့်နောက်ဆုံးဖြစ်သူ၊ သေခဲ့သော်လည်း ပြန်၍အသက်ရှင်သောသူက ဤသို့မိန့်တော်မူ၏။
တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။
ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။
လောဒိကိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အာမင်ဖြစ်သောသူ၊ သစ္စာရှိသည့် ဖြောင့်မှန်သောသက်သေ၊ ဘုရားသခင်၏ဖန်ဆင်းတော်မူခြင်းတွင် အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။