ကပေရနောင်မြို့သို့ သူတို့ရောက်ရှိလာကြသောအခါ ဗိမာန်တော်ခွန်ကောက်ခံသောသူတို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်ခွန်ကို ပေးဆောင်ပါသလော”ဟု မေးကြ၏။
ရှင်မာကု 9:33 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲ၌ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား“သင်တို့သည် လမ်း၌ မည်သည့်အကြောင်းအရာကို အချေအတင်ပြောဆိုလာခဲ့ကြသနည်း”ဟု မေးတော်မူ၏။ Common Language Bible ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရ နောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲသို့ဝင်ပြီး နောက် ကိုယ်တော်က ``သင်တို့သည်လမ်းတွင် အဘယ်အကြောင်းအရာများကိုဆွေးနွေး ကြသနည်း'' ဟုတပည့်တို့အားမေးတော်မူ၏။- Garrad Bible က ပေ ရ နောင် မြို့ သို့ ရောက် ကြ၍ အိမ် တွင် ရှိ နေ တော် မူ သော် ကိုယ် တော် က ခ ရီး အ ကြား မည် သည့် အ ရာ ကို ဆွေး နွေး ကြ သ နည်း ဟု မေး တော် မူ ရာ၊ Judson Bible ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌ အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ ရောက်၍ အိမ်တွင် ရှိကြသောအခါ ယေရှုက တပည့်တော်တို့အား “သင်တို့သည် လမ်းတွင် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။ မြန်မာ ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌ အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊- |
ကပေရနောင်မြို့သို့ သူတို့ရောက်ရှိလာကြသောအခါ ဗိမာန်တော်ခွန်ကောက်ခံသောသူတို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်ခွန်ကို ပေးဆောင်ပါသလော”ဟု မေးကြ၏။
သူတို့စိတ်ထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြောင်းကို ယေရှုသည် မိမိစိတ်ဝိညာဉ်ဖြင့် ချက်ချင်းသိတော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။
လူ၏စိတ်ထဲ၌ရှိသောအရာကိုသိတော်မူသောကြောင့် လူ၏အကြောင်းကို မည်သူကမျှ သက်သေခံပေးရန်မလိုအပ်ပေ။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။