ထိုအခါ ငါသည် အစာရှောင်လျက်၊ လျှော်တေအဝတ်ဝတ်လျက်၊ ပြာ၌လူးလျက် အရှင်ဘုရားသခင်ထံ မျက်နှာမူ၍ အသနားခံဆုတောင်းလေ၏။
ရှင်မာကု 9:29 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ထိုနတ်မျိုးကို ဆုတောင်းခြင်းအားဖြင့်မဟုတ်လျှင် မည်သည့်နည်းနှင့်မျှ မနှင်ထုတ်နိုင်”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``ဆုတောင်းခြင်းမှတစ်ပါး အခြား အဘယ်နည်းနှင့်မျှဤနတ်မျိုးကိုနှင်ထုတ်၍ မရ'' ဟုမိန့်တော်မူ၏။ Garrad Bible ပ ဌ နာ ပြု ခြင်း မှ တစ် ပါး မည် သည့် နည်း ဖြင့် မျှ ထို နတ် မျိုး ကို မ ထွက် စေ နိုင် ဟု မိန့် တော် မူ ၏။ Judson Bible ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဤနတ်ဆိုးမျိုးသည် ဆုတောင်းခြင်းအားဖြင့်သာလျှင် ထွက်တတ်သည်” ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟု မိန့်တော်မူ၏။ |
ထိုအခါ ငါသည် အစာရှောင်လျက်၊ လျှော်တေအဝတ်ဝတ်လျက်၊ ပြာ၌လူးလျက် အရှင်ဘုရားသခင်ထံ မျက်နှာမူ၍ အသနားခံဆုတောင်းလေ၏။
ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ ဆိုးညစ်သောဤမျိုးဆက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
[သို့သော် ထိုနတ်မျိုးသည် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်မဟုတ်လျှင် မထွက်တတ်]”ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု တိတ်တဆိတ်မေးလျှောက်ကြ၏။
သူတို့သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်ကိုဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် မည်သူ့ကိုမျှ မသိစေလိုချေ။
ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကိုခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏”ဟု မိန့်တော်မူ၏။
အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
သူတစ်ပါးကို သွန်သင်ပြီးမှ ငါကိုယ်တိုင်ကျရှုံးသောသူ မဖြစ်စေရန် ငါသည် မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ နာခံစေ၏။
ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
ဤကိစ္စနှင့်ပတ်သက်၍ ၎င်းကို ငါ့ထံမှဖယ်ရှားပေးပါမည့်အကြောင်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းလျှောက်ခဲ့၏။
ရိုက်နှက်ခံရခြင်း၌ဖြစ်စေ၊ အကျဉ်းချခံရခြင်း၌ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၌ဖြစ်စေ၊ ကြိုးပမ်းအားထုတ်ခြင်း၌ဖြစ်စေ၊ အိပ်ရေးပျက်ခြင်း၌ဖြစ်စေ၊ အစာပြတ်လပ်ခြင်း၌ဖြစ်စေ၊
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
ယုံကြည်ခြင်းဖြင့်တောင်းလျှောက်သောဆုပတ္ထနာသည် လူနာကိုကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကိုထူမတော်မူလိမ့်မည်။ သူသည် အပြစ်ကိုပြုမိခဲ့လျှင်လည်း သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။