ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
ရှင်မာကု 9:28 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု တိတ်တဆိတ်မေးလျှောက်ကြ၏။ Common Language Bible ကိုယ်တော်သည်အိမ်သို့ပြန်ရောက်၍တစ်ကိုယ်တည်း ရှိတော်မူသောအခါ တပည့်တော်တို့က ``အကျွန်ုပ် တို့သည်ထိုနတ်ကိုအဘယ်ကြောင့်နှင်ထုတ်၍ မရပါသနည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible အိမ် သို့ ဝင် တော် မူ သော် တ ပည့် တော် တို့ က အ ဘယ် ကြောင့် ထို နတ် ကို တ ပည့် တော် တို့ မ နှင် ထုတ် နိုင် ပါ သ နည်း ဟု အ သီး အ ခြား မေး လျှောက် ကြ လျှင်၊ Judson Bible အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု တိတ်ဆိတ်စွာ မေးလျှောက်ကြသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် အိမ်ထဲသို့ ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။ မြန်မာ အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု တိတ်ဆိတ်စွာ မေးလျှောက်ကြသော်၊- |
ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။
ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင်
ရက်အနည်းငယ်ကြာပြီးနောက် ကိုယ်တော်သည် ကပေရနောင်မြို့ထဲသို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်၌ ကိုယ်တော်ရှိတော်မူသည်ကိုကြား၍
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ကြွတော်မူရာ လူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြသဖြင့် သူတို့သည် အစာကိုပင်မသုံးဆောင်နိုင်ကြပေ။
ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
ကိုယ်တော်သည် လူထုပရိသတ်ထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။
ကိုယ်တော်ကလည်း“ထိုနတ်မျိုးကို ဆုတောင်းခြင်းအားဖြင့်မဟုတ်လျှင် မည်သည့်နည်းနှင့်မျှ မနှင်ထုတ်နိုင်”ဟု မိန့်တော်မူ၏။