ထို့နောက် လူတို့သည် နတ်ဆိုးပူးသည့် မျက်မမြင်ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူကိုကျန်းမာစေတော်မူသဖြင့် ထိုဆွံ့အသောသူသည် စကားပြောနိုင်ပြီး မျက်စိလည်းမြင်လာ၏။
ရှင်မာကု 9:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူထုပရိသတ်ထဲမှတစ်ဦးက “ဆရာ၊ ဆွံ့အသောနတ်ပူးနေသည့် အကျွန်ုပ်၏သားကို ဆရာ့ထံခေါ်ဆောင်လာပါ၏။ Common Language Bible ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်သည်မိမိ၏သားငယ်ကိုအထံတော် သို့ခေါ်ခဲ့ပါသည်။ သူသည်ဆွံ့အသည့်နတ် ပူးဝင်နေသူဖြစ်ပါသည်။- Garrad Bible လူ ပ ရိ သတ် ရှိ တစ် ယောက် သော သူ က ဆ ရာ နတ် အ ပူး သော သား ကို ဆ ရာ့ ထံ ကျွန် တော် ခေါ် လာ ပါ သည်။ Judson Bible လူအစုအဝေး၌ပါသော သူတစ်ယောက်က၊ အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုပရိသတ်ထဲမှ တစ်ဦးက “ဆရာတော်… အကျွန်ုပ်၏သားကို ဆရာတော်ထံ ခေါ်ဆောင်လာပါ၏။ သူသည် ဆွံ့အသောနတ် ပူးဝင်ခြင်းခံနေရ၏။ မြန်မာ လူအစုအဝေး၌ပါသော သူတစ်ယောက်က၊ အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။- |
ထို့နောက် လူတို့သည် နတ်ဆိုးပူးသည့် မျက်မမြင်ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူကိုကျန်းမာစေတော်မူသဖြင့် ထိုဆွံ့အသောသူသည် စကားပြောနိုင်ပြီး မျက်စိလည်းမြင်လာ၏။
“သခင်ဘုရား၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ အကြောင်းမှာ သူသည် ဝက်ရူးပြန်ရောဂါစွဲ၍ ဝေဒနာပြင်းထန်စွာခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏ လဲကျတတ်ပါ၏။
ထိုသူတို့ထွက်ခွာသွားကြစဉ် နတ်ဆိုးပူးသည့် ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာကြ၏။
ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
“အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ရောဂါပျောက်ကင်းလျက် အသက်ချမ်းသာရာရမည့်အကြောင်း ကြွလာ၍ သူ့အပေါ် လက်တော်ကိုတင်တော်မူပါ”ဟု အနူးအညွတ်တောင်းပန်လေ၏။
နတ်ဆိုးကို မိမိသမီးထဲမှ နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းပန်လေ၏။ ထိုအမျိုးသမီးသည် ဆီးရီးယားဖိုနီးရှားနယ်သူ၊ ဂရိလူမျိုးဖြစ်၏။
ကိုယ်တော်ကလည်း တပည့်တော်တို့အား“သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်း”ဟု မေးတော်မူ၏။
နတ်သည် သူ့ကိုဖမ်းစားသည့်အခါတိုင်း သူ့ကိုလှဲချ၍ သူသည် ပါးစပ်မှအမြှုပ်ထွက်ပြီး အံသွားကြိတ်ကာ မာတောင့်လာတတ်ပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန် တောင်းပန်သော်လည်း သူတို့သည်မတတ်နိုင်ကြပါ”ဟု လျှောက်လေ၏။
ယေရှုသည် လူထုပရိသတ်ပြေးလာကြသည်ကိုမြင်လျှင် ညစ်ညူးသောနတ်ကိုဆုံးမလျက်“ဆွံ့အ၍ နားပင်းသောနတ်၊ သင့်အား ငါအမိန့်ပေး၏။ သူ့အထဲမှထွက်သွားလော့။ နောက်တစ်ဖန် သူ့အထဲသို့မဝင်နှင့်”ဟု မိန့်တော်မူ၏။
တစ်ခါက ကိုယ်တော်သည် ဆွံ့အသောနတ်ဆိုးကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးထွက်သွားသောအခါ ဆွံ့အသောသူသည် စကားပြောသဖြင့် လူထုပရိသတ်တို့သည်အံ့သြကြ၏။
ထိုအခါ လူထုပရိသတ်ထဲမှ လူတစ်ဦးက “ဆရာ၊ အကျွန်ုပ်၏သားကိုကြည့်ရှုပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။
ယုဒနယ်မှ ဂါလိလဲနယ်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုမှူးမတ်သည်ကြားသောအခါ သူ၏သား သေအံ့ဆဲဆဲဖြစ်သောကြောင့် ကိုယ်တော်ထံသို့သွားပြီးလျှင် ကြွလာ၍ သား၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါရန် တောင်းပန်လေ၏။