“သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း၊ သို့မဟုတ် ဤသို့ပြုနိုင်သောအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။
ရှင်မာကု 9:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် အခြားတပည့်တော်တို့ရှိရာသို့ ပြန်လာကြရာ များစွာသောလူထုပရိသတ်သည် တပည့်တော်တို့ကိုဝိုင်းရံလျက်ရှိ၍ ကျမ်းပြုဆရာတို့သည် သူတို့နှင့်ငြင်းခုံပြောဆိုနေကြသည်ကိုတွေ့မြင်ကြ၏။ Common Language Bible ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြား တပည့်တော်များရှိရာသို့ရောက်လာကြသောအခါ လူပရိသတ်ကြီးကိုမြင်ကြ၏။ တပည့်တော်တို့ သည်ကျမ်းတတ်ဆရာများနှင့်အခြေအတင် ပြောဆိုနေကြ၏။- Garrad Bible တ ပည့် တော် တို့ ရှိ ရာ သို့ ရောက် သော် ဝန်း ရံ သော လူ ပ ရိတ် သတ် ကြီး နှင့် ဆွေး နွေး မေး မြန်း သော ကျမ်း တတ် ဆ ရာ တို့ ကို မြင် ကြ၏။ Judson Bible တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသော လူအစုအဝေးသည် သူတို့ကိုဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုနှင့် တပည့်တော်သုံးပါးတို့သည် ကျန်တပည့်တော်များရှိရာသို့ ပြန်လာကြသောအခါ တပည့်တော်တို့ကို ဝန်းရံလျက်ရှိသော လူအုပ်ကြီးကိုလည်းကောင်း၊ တပည့်တော်တို့နှင့် ဆွေးနွေးပြောဆိုနေကြသောကျမ်းတတ်ဆရာတချို့တို့ကိုလည်းကောင်း တွေ့မြင်ကြ၏။ မြန်မာ တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသော လူအစုအဝေးသည် သူတို့ကိုဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။- |
“သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း၊ သို့မဟုတ် ဤသို့ပြုနိုင်သောအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။
သူတို့သည်လာ၍ ကိုယ်တော်အား “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး မည်သူ့ကိုမျှအားမနာကြောင်း အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဆရာသည် လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ပါ၏။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော။ အကျွန်ုပ်တို့ဆက်သသင့်သလော၊ သို့မဟုတ် မဆက်သသင့်သလော”ဟု မေးလျှောက်ကြ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည် ရောက်လာခဲ့ပြီ။ လူတို့သည်လည်း သူနှင့်ပတ်သက်၍ ကျမ်းစာ၌ရေးထားသည့်အတိုင်း သူ့အပေါ် ပြုလိုရာပြုခဲ့ကြပြီ”ဟု မိန့်တော်မူ၏။
ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။
ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။