ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
ရှင်မာကု 8:29 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။ Common Language Bible ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြပါသနည်း'' ဟုမေး တော်မူ၏။ ပေတရုက ``အရှင်သည်မေရှိယဖြစ်ပါ သည်'' ဟုဖြေဆိုလျှောက်ထား၏။ Garrad Bible သင် တို့ ကား ငါ သည် မည် သူ ဖြစ် သည် ဟု ဆို ကြ သ နည်း ဟူ၍ မေး တော် မူ ပြန် သည့် ကာ လ ပေ တ ရု က ကိုယ် တော် သည် ခ ရစ် တော် တည်း ဟု ပြန် လျှောက် ၏။ Judson Bible သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သင်တို့ကမူ ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။ မြန်မာ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- |
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
ယေရှုကလည်း“သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူလျှင် ပေတရုက “ဘုရားသခင်၏ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
မာသက “ယုံကြည်ပါ၏ သခင်ဘုရား။ ကိုယ်တော်သည် ဤလောကသို့ကြွလာရမည့် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို ကျွန်မယုံကြည်ပါ၏”ဟု လျှောက်ထားလေ၏။
သူတို့က ထိုအမျိုးသမီးအား “ယခု ငါတို့ယုံကြည်ကြသည်မှာ သင်ပြောဆိုသောစကားကြောင့်မဟုတ်တော့ပါ။ ငါတို့ကိုယ်တိုင်ကြားနာရသဖြင့် ဤသူသည် လောက၏ကယ်တင်ရှင်အစစ်အမှန်ဖြစ်ကြောင်းကို သိကြပြီ”ဟု ဆိုကြ၏။
ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သူ့ထံသို့သွားရမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ကြောင်းကိုလည်း အကျွန်ုပ်တို့ယုံကြည်သိရှိကြပါ၏”ဟု လျှောက်လေ၏။
သူတို့သည် လမ်းအတိုင်း ခရီးဆက်သွားကြစဉ် ရေရှိရာအရပ်သို့ရောက်လာသဖြင့် မှူးမတ်က “ကြည့်ပါ။ ရေရှိသည်။ အကျွန်ုပ်ဗတ္တိဇံခံရန် တားဆီးသည့်အရာရှိပါသလော”ဟု ဆို၏။
ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။
သို့ဖြစ်၍ ထိုကျောက်သည် ယုံကြည်သောသင်တို့အတွက် ဂုဏ်သရေဖြစ်၏။ မယုံကြည်သောသူတို့အတွက်မူကား “တိုက်ဆောက်သူများပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်” ဖြစ်ပြီး
မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။
ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်၏။ ပေါက်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ထံမှပေါက်ဖွားလာသောသူကိုလည်းချစ်၏။