သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။
ရှင်မာကု 8:23 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မျက်မမြင်၏လက်ကိုဆွဲ၍ ရွာအပြင်သို့ခေါ်သွားတော်မူပြီးလျှင် သူ၏မျက်စိပေါ်သို့ တံတွေးထွေးကာ သူ့အပေါ်လက်တော်တင်လျက်“တစ်စုံတစ်ခုကိုမြင်ရသလော”ဟု မေးတော်မူ၏။ Common Language Bible ကိုယ်တော်သည်မျက်မမြင်ကိုလက်ဆွဲကာရွာ အပြင်သို့ခေါ်သွားတော်မူ၏။ သူ၏မျက်စိများ ကိုတံတွေးနှင့်ထွေး၍ သူ၏အပေါ်မှာလက်တော် ကိုတင်တော်မူ၏။ ထိုနောက် ``သင်ယခုမျက်စိ မြင်ပြီလော'' ဟုမေးတော်မူ၏။ Garrad Bible ကိုယ် တော် သည် မျက် မ မြင်၏ လက် ကို ကိုင် လျက် မြို့ ပြင် သို့ ခေါ် သွား၍ မျက် စိ များ ပေါ် တွင် တံ တွေး တော် ထွေး ခြင်း၊ သူ့ အ ပေါ် တွင် လက် တော် တင် ခြင်း၊ ပြု ပြီး နောက် မြင် ရ သ လော ဟု မေး တော် မူ သော်၊ Judson Bible ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစ်စုံတစ်ခုကို မြင်သလောဟု မေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုမျက်မမြင်ကို လက်ဆွဲ၍ မြို့ပြင်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ၏ မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ် လက်တော်တင်လျက် “တစ်စုံတစ်ရာကို မြင်သလော” ဟု မေးတော်မူ၏။ မြန်မာ ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစ်စုံတစ်ခုကို မြင်သလောဟု မေးတော်မူ၏။- |
သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။
သူမွေးဖွားသောသားအပေါင်းတို့တွင် သူ့ကိုလမ်းပြသောသူ တစ်ယောက်မျှမရှိ။ သူကျွေးမွေးစောင့်ရှောက်သောသားအပေါင်းတို့တွင် သူ့ကိုလက်ဖြင့်ဆွဲခေါ်သောသူ တစ်ယောက်မျှမရှိ။
ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
“အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ရောဂါပျောက်ကင်းလျက် အသက်ချမ်းသာရာရမည့်အကြောင်း ကြွလာ၍ သူ့အပေါ် လက်တော်ကိုတင်တော်မူပါ”ဟု အနူးအညွတ်တောင်းပန်လေ၏။
ကိုယ်တော်သည် ထိုသူတစ်ဦးတည်းကိုသာ လူထုပရိသတ်ထဲမှခေါ်သွား၍ လက်ညှိုးတော်တို့ကို သူ၏နားနှစ်ဖက်ထဲသို့ သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး၍ သူ၏လျှာကို တံတွေးဖြင့်တို့တော်မူ၏။
သူသည် မော့ကြည့်လျက် “လူတို့ကိုမြင်ရပါ၏။ သစ်ပင်များကဲ့သို့ဖြစ်ကြပြီး လမ်းလျှောက်နေကြသည်ကို မြင်ရပါ၏”ဟု လျှောက်လေ၏။
ကိုယ်တော်ကလည်း“ရွာထဲသို့မဝင်နှင့်”ဟု မိန့်တော်မူပြီး သူ့ကို မိမိအိမ်သို့ ပြန်လွှတ်တော်မူ၏။
တပ်မှူးကြီးသည် ထိုလူငယ်၏လက်ကိုဆွဲ၍ သီးသန့်ခေါ်ထုတ်သွားကာ “ငါ့ကိုပြောပြစရာရှိသည့်အရာကား မည်သည့်အရာနည်း”ဟု မေးမြန်းလေ၏။
ရှောလုသည် မြေပေါ်မှထ၍ မိမိမျက်စိကိုဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် လူတို့သည် သူ့ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။
ထိုပဋိညာဉ်သည် သူတို့ဘိုးဘေးများ၏လက်ကိုဆွဲ၍ အီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်က သူတို့နှင့် ငါပြုခဲ့သောပဋိညာဉ်နှင့်တူလိမ့်မည်မဟုတ်။ သူတို့သည် ငါ၏ပဋိညာဉ်၌မတည်သောကြောင့် ငါသည်လည်း သူတို့ကိုလျစ်လျူရှုထား၏”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။