ဤသို့ဖြင့် သင်တို့သည် မိမိတို့ဆက်ခံသောဓလေ့ထုံးတမ်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ ထိုကဲ့သို့သောအမှုအရာများစွာတို့ကိုလည်း သင်တို့ပြုကြ၏”ဟု မိန့်တော်မူ၏။
ရှင်မာကု 7:3 - မြန်မာ့စံမီသမ္မာကျမ်း (ဖာရိရှဲတို့မှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံး၍ လက်ကို ကျင့်ထုံးအတိုင်းမဆေးဘဲ အစာစားလေ့မရှိကြ။ Common Language Bible (ဖာရိရှဲများနှင့်ယုဒအမျိုးသားအပေါင်း တို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုလိုက်နာကျင့်သုံးကြ၏။ လက်ကိုလက်ကောက် ဝတ်အထိ ဦးစွာမဆေးကြောဘဲအစားအစာ စားလေ့မရှိကြ။- Garrad Bible ဖာ ရိ ရှဲ တို့ မှ စ၍ ယု ဒ လူ အ ပေါင်း တို့ သည် လူ ကြီး တို့ ရှေး ထုံး နည်း ကို စွဲ မြဲ လျက် စင် ကြယ် စွာ လက် မ ဆေး ဘဲ စား လေ့ မ ရှိ။ Judson Bible အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း (ဖာရိရှဲများမှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ ဓလေ့ထုံးတမ်းကို စောင့်ထိန်းသောအားဖြင့် လက်ကို ကျင့်ထုံးအတိုင်း မဆေးကြောဘဲ အစာစားလေ့မရှိကြ။ မြန်မာ အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။- |
ဤသို့ဖြင့် သင်တို့သည် မိမိတို့ဆက်ခံသောဓလေ့ထုံးတမ်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ ထိုကဲ့သို့သောအမှုအရာများစွာတို့ကိုလည်း သင်တို့ပြုကြ၏”ဟု မိန့်တော်မူ၏။
ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “သင်၏တပည့်တို့သည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းနှင့်အညီမလိုက်လျှောက်ဘဲ မစင်ကြယ်သောလက်ဖြင့် အစာစားကြသနည်း”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
သို့သော် အစာမသုံးဆောင်မီ ဦးစွာဆေးကြောခြင်းပြုတော်မမူသည်ကို ထိုဖာရိရှဲသည်မြင်၍ အံ့သြလေ၏။
ထိုနေရာ၌ ဂျူးလူမျိုးတို့၏စင်ကြယ်ခြင်းဝတ်အတွက် ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်စီဆန့်သော ကျောက်ရေအိုးခြောက်လုံးထားလျက်ရှိ၏။
ငါသည် ဂျူးဘာသာတရား၌ ငါ့လူမျိုးထဲရှိသက်တူရွယ်တူများထက် သာလွန်ပြီး ငါ့ဘိုးဘေးတို့၏ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ အလွန်စိတ်အားထက်သန်ခဲ့သည်ကိုလည်းကောင်း သင်တို့ကြားသိထား၏။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ