ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ရှင်မာကု 7:13 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သင်တို့သည် မိမိတို့ဆက်ခံသောဓလေ့ထုံးတမ်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ ထိုကဲ့သို့သောအမှုအရာများစွာတို့ကိုလည်း သင်တို့ပြုကြ၏”ဟု မိန့်တော်မူ၏။ Common Language Bible ဤသို့လျှင်သင်တို့လက်ဆင့်ကမ်းပေးအပ်ကြ သည့်ထုံးတမ်းစဉ်လာများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပစ်ပယ်ကြ၏။ အလားတူ အခြားအကျင့်ဋ္ဌလေ့များစွာတို့ကိုလည်း သင်တို့ပြုကြသေး၏'' ဟုမိန့်တော်မူ၏။ Garrad Bible ကိုယ် စွဲ မြဲ သော ရှေး ထုံး နည်း အား ဖြင့် ဘု ရား သ ခင့် အ မိန့် တော် ကို အ ချည်း နှီး ဖြစ် စေ ကြ၏။ ၎င်း ပြင် ထို သို့ သော နည်း များ စွာ အ တိုင်း သင် တို့ ပြု ကျင့် ကြ သည် တ ကား ဟု မိန့် တော် မူ၏။ Judson Bible မိမိတို့ အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သော အကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းကို လက်ဆင့်ကမ်း၍ ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်ကြ၏။ ထိုသို့သော အမှုများစွာတို့ကိုလည်း သင်တို့ပြုကြ၏” ဟု မိန့်တော်မူ၏။ မြန်မာ မိမိတို့ အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သော အကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။ |
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
သို့သော် ထိုဖခင်၏သားသည် မိမိဖခင်ကျူးလွန်သောအပြစ်ရှိသမျှတို့ကိုမြင်၏။ သူသည် ဆင်ခြင်၍ ထိုသို့သောအမှုတို့ကိုမပြု။
ငါသည် သူတို့အဖို့ ပညတ်ချက်များကို ထောင်သောင်းမက ရေးပေးသော်လည်း သူတို့နှင့်မစပ်ဆိုင်ဟု ထင်မှတ်ကြ၏။
ထိုသူသည် မိမိ၏ဖခင်ကိုဂုဏ်ပြုစရာမလိုပေ’ဟု ပြောဆိုကြ၏။ ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။
ထိုသူအား ဖခင်၊ သို့မဟုတ် မိခင်အတွက် မည်သည့်အရာကိုမျှ လုပ်ခွင့်မပေးကြတော့ပေ။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကို နောက်တစ်ဖန်ခေါ်ပြီးလျှင်“သင်တို့အားလုံး ငါ့စကားကိုနားထောင်၍ နားလည်ကြလော့။
(ဖာရိရှဲတို့မှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံး၍ လက်ကို ကျင့်ထုံးအတိုင်းမဆေးဘဲ အစာစားလေ့မရှိကြ။
ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “သင်၏တပည့်တို့သည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းနှင့်အညီမလိုက်လျှောက်ဘဲ မစင်ကြယ်သောလက်ဖြင့် အစာစားကြသနည်း”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
တစ်ဖန် သူတို့အား“သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား။
ငါသည် ဂျူးဘာသာတရား၌ ငါ့လူမျိုးထဲရှိသက်တူရွယ်တူများထက် သာလွန်ပြီး ငါ့ဘိုးဘေးတို့၏ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ အလွန်စိတ်အားထက်သန်ခဲ့သည်ကိုလည်းကောင်း သင်တို့ကြားသိထား၏။
မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။