လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။
ရှင်မာကု 6:46 - မြန်မာ့စံမီသမ္မာကျမ်း လူတို့ကိုနှုတ်ဆက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်တော်မူ၏။ Common Language Bible ကိုယ်တော်သည်လူအပေါင်းတို့ကိုနှုတ်ဆက်တော် မူပြီးလျှင် ဆုတောင်းပတ္တနာပြုရန်တောင်ပေါ်သို့ တက်တော်မူ၏။- Garrad Bible နှုတ် ဆက် လိုက် ပြီး နောက် ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ သ ဖြင့် Judson Bible စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာပြုအံ့သောငှာ တောင်ပေါ်သို့ ကြွတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် လူထုပရိသတ်တို့ကို နှုတ်ဆက်တော်မူပြီးနောက် ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွတော်မူ၏။ မြန်မာ စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာပြုအံ့သောငှာ တောင်ပေါ်သို့ ကြွတော်မူ၏။- |
လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။
သင်မူကား ဆုတောင်းသောအခါ သင်၏အိမ်အတွင်းခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးလျှင် မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖထံသို့ ဆုတောင်းလော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။
ညနေချမ်းအချိန်ရောက်သောအခါ လှေသည် ပင်လယ်အလယ်၌ရှိ၏။ ကိုယ်တော်မူကား ကုန်းပေါ်၌ တစ်ပါးတည်းရှိတော်မူ၏။
ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။
“ဘုရားသခင်အလိုတော်ရှိလျှင် သင်တို့ထံသို့ နောက်တစ်ဖန် ငါပြန်လာဦးမည်”ဟု ဆိုလျက် သူတို့အား နှုတ်ဆက်ပြီးလျှင် ဧဖက်မြို့မှ ရွက်လွှင့်သွားလေ၏။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
အမှန်စင်စစ် သင်တို့သည် ဤအတွက် ခေါ်ယူတော်မူခြင်းခံရ၏။ အကြောင်းမူကား ခရစ်တော်သည်လည်း သင်တို့ကို မိမိခြေရာတော်အတိုင်းလိုက်လျှောက်စေရန် သင်တို့ကိုယ်စား ဒုက္ခဝေဒနာခံစားရလျက် သင်တို့အတွက် စံနမူနာကိုထားပေးတော်မူ၏။