ထို့ကြောင့် “ငါတို့လက်ဖြင့် သင်မသေရမည့်အကြောင်း ထာဝရဘုရား၏နာမတော်ဖြင့် ပရောဖက်မပြုနှင့်”ဟု ဆိုလျက် သင့်အသက်ကိုရန်ရှာသော အာနသုတ်မြို့သားတို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
ရှင်မာကု 6:4 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ပရောဖက်သည် မိမိ၏နေရင်းမြို့၊ မိမိ၏ဆွေမျိုးများကြားနှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ပရောဖက်မည်သည်မိမိနေရင်း မြို့ရွာ၊ ဆွေမျိုး၊ အိမ်ထောင်စုမှလွဲ၍အဘယ် အရပ်တွင်မဆိုဂုဏ်အသရေရှိသည်'' ဟု မိန့်တော်မူ၏။ Garrad Bible ယေ ရှု က ပ ရော ဖက် မည် သည် မှာ ကိုယ့် မြို့၊ ကိုယ့် ဆွေ မျိုး သား ချင်း၊ ကိုယ့် အိမ် မှ တစ် ပါး အ ခြား သော အ ရပ် တွင် ဂုဏ် အ သ ရေ မ ရ ဘဲ မ ရှိ ဟု မိန့် တော် မူ၏။ Judson Bible ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက သူတို့အား “ပရောဖက်သည် မိမိနေရပ်မြို့၊ မိမိဆွေမျိုးအသိုင်းအဝိုင်းနှင့် မိမိအိမ်မှလွဲ၍ အခြားသောအရပ်တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။- |
ထို့ကြောင့် “ငါတို့လက်ဖြင့် သင်မသေရမည့်အကြောင်း ထာဝရဘုရား၏နာမတော်ဖြင့် ပရောဖက်မပြုနှင့်”ဟု ဆိုလျက် သင့်အသက်ကိုရန်ရှာသော အာနသုတ်မြို့သားတို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
သင့်ညီအစ်ကို၊ သင့်ဖခင်၏အိမ်သူအိမ်သားတို့ပင်လျှင် သင့်ကို သစ္စာဖောက်လေပြီ။ သူတို့သည် သင့်နောက်သို့လိုက်၍ ကျယ်လောင်စွာဟစ်ခေါ်လေပြီ။ သူတို့သည် သင့်အား ချိုသာစွာပြောလျှင်လည်း မယုံနှင့်။
ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ ယေရှုကလည်း“ပရောဖက်သည် မိမိ၏နေရင်းမြို့နှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် ထိုနေရာမှထွက်ခွာ၍ မိမိ၏နေရင်းမြို့သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။
“သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိ၏နေရင်းမြို့၌ မျက်နှာမရတတ်။
ပရောဖက်သည် မိမိ၏နေရင်းမြို့၌ ဂုဏ်သရေမရှိကြောင်း ယေရှုကိုယ်တိုင်သက်သေခံတော်မူ၏။