စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
ရှင်မာကု 6:39 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို စိမ်းလန်းသောမြက်ခင်းပေါ်၌ အစုလိုက်ထိုင်စေရန် တပည့်တော်တို့အား အမိန့်ပေးတော်မူ၏။ Common Language Bible ကိုယ်တော်သည်စိမ်းလန်းသောမြက်ခင်းပေါ်တွင် လူအပေါင်းတို့ကိုအစုလိုက်ထိုင်ကြစေရန် တပည့်တော်တို့အားစေခိုင်းတော်မူ၏။- Garrad Bible ထို အ ခါ ထို သူ အား လုံး ကို မြက် စိမ်း ပေါ် တွင် အ စု စု ထိုင် ကြ စေ ရန် အ မိန့် တော် ရှိ၍၊ Judson Bible ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက လူထုပရိသတ်တို့ကို မြက်ခင်းပေါ်တွင် အုပ်စုဖွဲ့၍ ထိုင်စေရန် တပည့်တော်တို့ကို မိန့်တော်မူ၏။ မြန်မာ ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။- |
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
ကိုယ်တော်ကလည်း“သင်တို့၌ မုန့်မည်မျှရှိသနည်း။ သွား၍ကြည့်ကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း သိရှိပြီးမှ “မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါသည်”ဟု လျှောက်ကြ၏။
(ထိုသို့လျှောက်ကြခြင်းမှာ လူငါးထောင်ခန့်မျှရှိသောကြောင့်ဖြစ်၏။) ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့အား“လူတို့ကို ငါးဆယ်ခန့်စီစု၍ ထိုင်စေကြလော့”ဟု မိန့်တော်မူ၏။
ယေရှုက“လူတို့ကိုထိုင်စေကြလော့”ဟု မိန့်တော်မူ၏။ (ထိုနေရာ၌ မြက်ပင်ထူထပ်လျက်ရှိ၏။) သို့ဖြစ်၍ အရေအတွက်အားဖြင့် ငါးထောင်ခန့်ရှိသောယောက်ျားတို့သည် ထိုင်ကြ၏။
အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့