သူတို့သည် အိမ်ထဲသို့ ဝင်၍ အိပ်ခန်းထဲရှိ အိပ်ရာပေါ်တွင် ဣရှဗောရှက်မင်းကြီး အိပ်နေစဉ် သူ့ကိုထိုးသတ်ပြီးလျှင် သူ၏ခေါင်းကိုဖြတ်ပြီး ထိုခေါင်းကိုယူ၍ အရာဗလွင်ပြင်လမ်းအတိုင်း တစ်ညလုံးထွက်ပြေးလာခဲ့ကြခြင်းဖြစ်၏။
ရှင်မာကု 6:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေ၏။ မိန်းကလေးသည်လည်း ၎င်းကို မိမိ၏မိခင်အားပေးလေ၏။ Common Language Bible ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင်၍ယူဆောင် လာပြီးနောက် သူငယ်မအားပေး၏။ သူငယ်မ သည်လည်းမိခင်အားတစ်ဆင့်ပေး၏။- Garrad Bible လင် ပန်း တွင် ထည့် ယူ၍ ပေး သ ဖြင့် သူ ငယ် မ သည် မယ် တော် အား ပေး လေ ၏။ Judson Bible ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေးလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဦးခေါင်းကို လင်ပန်းဖြင့် ယူဆောင်လာပြီးနောက် မိန်းကလေးအား ပေးလေ၏။ မိန်းကလေးသည်လည်း ထိုဦးခေါင်းကို မိခင်အား ပေးလေ၏။ မြန်မာ ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေးလေ၏။- |
သူတို့သည် အိမ်ထဲသို့ ဝင်၍ အိပ်ခန်းထဲရှိ အိပ်ရာပေါ်တွင် ဣရှဗောရှက်မင်းကြီး အိပ်နေစဉ် သူ့ကိုထိုးသတ်ပြီးလျှင် သူ၏ခေါင်းကိုဖြတ်ပြီး ထိုခေါင်းကိုယူ၍ အရာဗလွင်ပြင်လမ်းအတိုင်း တစ်ညလုံးထွက်ပြေးလာခဲ့ကြခြင်းဖြစ်၏။
တမန်သည် ရောက်လာ၍ ယေဟုအား “ဘုရင့်သားတော်တို့၏ဦးခေါင်းများကို ယူဆောင်လာကြပါပြီ”ဟု ဆိုလျှင် ယေဟုက “နှစ်ပုံခွဲပြီး နံနက်တိုင်အောင် မြို့တံခါးဝတွင် ပုံထားပါ”ဟု အမိန့်ပေးလိုက်၏။
ထိုအခါ မိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။
အာဏာပါးကွက်သားတစ်ဦးကို ချက်ချင်းစေလွှတ်ကာ ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေးလေ၏။ ထိုသူသည်လည်းသွား၍ ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်ပြီးလျှင်
ယောဟန်၏တပည့်တို့သည် ထိုသတင်းကိုကြားသိကြသောအခါ လာ၍ သူ၏အလောင်းကိုယူဆောင်သွားပြီးလျှင် ဂူသွင်းသင်္ဂြိုဟ်ကြ၏။