ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူ၌ရှိသမျှကို သင့်လက်၌ ငါအပ်ပြီ။ သူ့ကိုမူ ကိုယ်ထိလက်ရောက်မပြုရ”ဟု မိန့်တော်မူ၏။ စာတန်သည်လည်း ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
ရှင်မာကု 4:37 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပြင်းထန်သောလေမုန်တိုင်းကျရောက်လာ၍ လှိုင်းများသည် လှေကိုရိုက်ခတ်သဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်လေ၏။ Common Language Bible ထိုအချိန်၌ရုတ်တရက်လေမုန်တိုင်းကျရောက် လာကာလှိုင်းရိုက်သွင်းသဖြင့်လှေသည်ရေနှင့် ပြည့်လုမတတ်ရှိလေ၏။- Garrad Bible ပြင်း ထန် သော လေ မုန် တိုင်း ကျ၍ လှိုင်း ခတ် လျက် ဝင် သော ကြောင့် လှေ တွင် ရေ ပြည့် လု ပြီ။ Judson Bible ထိုအခါ ပြင်းစွာသော မိုးသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လေပြင်းမုန်တိုင်း တိုက်၍ လှိုင်းပုတ်သဖြင့် လှေသည် ရေနှင့်ပြည့်လုမတတ် ဖြစ်လေ၏။ မြန်မာ ထိုအခါ ပြင်းစွာသော မိုးသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့်လေ၏။- |
ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူ၌ရှိသမျှကို သင့်လက်၌ ငါအပ်ပြီ။ သူ့ကိုမူ ကိုယ်ထိလက်ရောက်မပြုရ”ဟု မိန့်တော်မူ၏။ စာတန်သည်လည်း ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
တောကန္တာရဘက်မှ လေပြင်းမုန်တိုင်းသည် လေးဘက်လေးတန်မှတိုက်လာသဖြင့် ထိုလုလင်တို့အပေါ်သို့ အိမ်ပြိုကျပြီး သူတို့သေကုန်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။
ထို့ကြောင့် သူတို့သည် လူထုပရိသတ်ကိုချန်ထားခဲ့၍ လှေပေါ်၌ရှိနေသောကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။ အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူလိုက်ပါကြ၏။
သို့သော် ကိုယ်တော်သည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကိုနှိုးလျက် “ဆရာ၊ အကျွန်ုပ်တို့သေရတော့မည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော”ဟု လျှောက်ကြ၏။
သို့သော် သင်္ဘောသည် ဒီရေနှစ်ကြောင်းစုဆုံရာသို့ရောက်သွား၍ သောင်တင်သဖြင့် သင်္ဘောဦးသည် သောင်၌စိုက်ပြီး လှုပ်ရှား၍မရတော့ချေ။ ပဲ့ပိုင်းမှာမူ လှိုင်းလုံးများရိုက်ခတ်သဖြင့် ကျိုးပျက်လေ၏။
ကြိမ်လုံးနှင့်ရိုက်နှက်ခြင်းကို သုံးကြိမ်၊ ခဲနှင့်ပေါက်ခြင်းကို တစ်ကြိမ် ခံခဲ့ရ၏။ သင်္ဘောပျက်စီးရာ၌ သုံးကြိမ်ပါ၍ ပင်လယ်ပြင်တွင် တစ်နေ့နှင့်တစ်ည မျောခဲ့ရ၏။