သင်တို့က ‘သူ့ကို ငါတို့ မည်သို့ညှဉ်းဆဲရမည်နည်း’ဟု ဆိုကြလျှင်လည်း ပြဿနာအရင်းအမြစ်သည် ငါ၌သာရှိ၏။
ရှင်မာကု 4:17 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားကြ၏။ Common Language Bible သို့သော်ယင်းတရားတော်သည်စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ ထိုနောက်ဤတရားတော်ကြောင့်ဒုက္ခနှင့်နှိပ်စက် ညှဉ်းပန်းမှုကိုကြုံတွေ့ရသောအခါ သူတို့ သည်ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။- Garrad Bible အ မြစ် မ စွဲ သ ဖြင့် ခ ဏ မျှ သာ တည် ကြည်၍ တ ရား တော် ကြောင့် ဒု က္ခ ရောက် ခြင်း၊ ညှဉ်း ပန်း ခြင်း နှင့် တွေ့ ကြုံ သည့် ကာ လ ချက် ခြင်း တိုက် လဲ သူ များ ဖြစ်၏။ Judson Bible စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။ မြန်မာ စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။- |
သင်တို့က ‘သူ့ကို ငါတို့ မည်သို့ညှဉ်းဆဲရမည်နည်း’ဟု ဆိုကြလျှင်လည်း ပြဿနာအရင်းအမြစ်သည် ငါ၌သာရှိ၏။
ထို့ကြောင့် သင်တို့အားငါဆိုသည်ကား လူတို့သည် ဘုရားသခင်ကိုစော်ကားပြောဆိုခြင်းနှင့် အပြစ်ဟူသမျှတို့အတွက် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း ဝိညာဉ်တော်ကို စော်ကားပြောဆိုခြင်းအတွက်မူကား ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။
ကျောက်ပေါများသောနေရာတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသောအခါ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူတို့ကိုဆိုလို၏။
အချို့တို့မူကား ဆူးပင်တို့တွင် ကြဲခြင်းခံရကြ၏။ ဤသည်ကား တရားစကားကိုကြားသော်လည်း
လူ့သားအပေါ်ဆန့်ကျင်သည့်စကားကို ပြောဆိုသောသူအားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
ကိုယ်ကာယ၌ အမြင်ကောင်းအောင်ပြုလိုသောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ညှဉ်းဆဲခြင်းမခံလို၍သာ သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းကြခြင်းဖြစ်၏။
သင်သိထားသည့်အတိုင်း အာရှပြည်၌ရှိသောသူအားလုံးတို့သည် ငါ့ကိုစွန့်ပယ်ကြပြီ။ ထိုသူတို့တွင် ဖုဂေလုနှင့်ဟေရမောဂင်တို့လည်းပါ၏။
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းချေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။
သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။