တိုင်ရာမြို့၏သမီးသည် လက်ဆောင်ပဏ္ဏာပါလျက်လာ၍ လူတို့ထဲမှချမ်းသာသောသူတို့သည် သင့်ထံမျက်နှာရရန် ကြိုးစားကြလိမ့်မည်။
ရှင်မာကု 3:8 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့၊ ဣဒုမဲနယ်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှစ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့ပတ်ဝန်းကျင်မှ လူအမြောက်အမြားတို့သည် ကိုယ်တော်ပြုတော်မူသမျှတို့ကိုကြားသဖြင့် အထံတော်သို့လာကြ၏။ Garrad Bible ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ဣ ဒု မဲ နယ်၊ ယော် ဒန် မြစ် တစ် ဘက် နယ်၊ တု ရု နှင့် ဇိ ဒုန် နယ် များ မှ ကြီး စွာ သော လူ ပ ရိ သတ် သည် ပြု တော် မူ သော အ မှု အ ရာ များ ကို ကြား ၍၊ Judson Bible ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှ လာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြားလျှင် အထံတော်သို့ လာကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျေရုဆလင်မြို့၊ ဣဒုမဲပြည်၊ ဂျော်ဒန်မြစ် တစ်ဖက်ကမ်းဒေသ၊ ဆီဒုန်မြို့နှင့် တိုင်ရာမြို့ စသည့် ပတ်ဝန်းကျင်ဒေသတို့မှ လာသောသူများဖြစ်ကြ၏။ ကိုယ်တော်ပြုတော်မူသမျှသော အံ့ဖွယ်နိမိတ်လက္ခဏာသတင်းသည် အရပ်ရပ်သို့ ပျံ့နှံ့သဖြင့် လူများစွာတို့သည် ကိုယ်တော်ထံသို့ လာကြ၏။ မြန်မာ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှ လာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြားလျှင် အထံတော်သို့ လာကြ၏။- |
တိုင်ရာမြို့၏သမီးသည် လက်ဆောင်ပဏ္ဏာပါလျက်လာ၍ လူတို့ထဲမှချမ်းသာသောသူတို့သည် သင့်ထံမျက်နှာရရန် ကြိုးစားကြလိမ့်မည်။
“ငါ့ကိုသိသောသူတို့ထဲတွင် ရာဟပ်နှင့်ဘေဘီလုံကို ငါမှတ်သားထားမည်။ ဖိလိတ္တိပြည်၊ တိုင်ရာပြည်နှင့် အီသီယိုးပီးယားပြည်တို့ကိုလည်း ကြည့်ရှုလော့။ ဤသူသည် ထိုအရပ်၌ မွေးဖွား၏။”
ကောင်းကင်၌ ငါ့ဓားသည် ကျေနပ်အားရစွာစီရင်ပြီးမှ ကြည့်ရှုလော့။ ဧဒုံပြည်အပေါ်၊ ငါကျိန်သောလူမျိုးအပေါ် တရားစီရင်ရန်ဆင်းလာမည်။
အစ္စရေးအမွေမြေသည် လူသူကင်းမဲ့ရာဖြစ်သောအခါ သင်ဝမ်းမြောက်သကဲ့သို့ သင့်ကို ထိုသို့ဖြစ်စေမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်တစ်ပြည်လုံး လူသူကင်းမဲ့ရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါ့ပြည်ကို ဝမ်းသာအားရအပိုင်သိမ်းယူခဲ့သော၊ စားကျက်မြေများကိုပါလုယူခဲ့သော အခြားတိုင်းပြည်များနှင့် ဧဒုံပြည်တစ်ပြည်လုံးကို စိတ်အားကြီးစွာဖြင့် ငါမိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
“ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာနှင့်လူးကာ နောင်တရခဲ့ကြပေလိမ့်မည်။
သို့ဖြစ်၍ ဂါလိလဲနယ်၊ ဒေကာပေါလိနယ်၊ ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့မှ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြ၏။
ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသသို့ ကြွတော်မူပြီးလျှင် အိမ်တစ်အိမ်သို့ဝင်တော်မူ၏။ မည်သူမျှမသိစေရန် အလိုတော်ရှိသော်လည်း ပုန်းရှောင်၍မနေနိုင်ပေ။
ထို့နောက် ကိုယ်တော်သည် တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသမှ တစ်ဖန်ထွက်ခွာလျက် ဆီဒုန်မြို့ကိုဖြတ်ကာ ဒေကာပေါလိနယ်နှင့်ဆိုင်သောအရပ်ဒေသအလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲပင်လယ်သို့ကြွတော်မူ၏။
ထို့နောက် ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ပေါ်မှကြွဆင်းလာ၍ မြေပြန့်အရပ်တွင် ရပ်တော်မူ၏။ ထိုနေရာ၌ တပည့်တော်တို့၏အစုအဝေးကြီးမှစ၍ ယုဒနယ်အရပ်ရပ်တို့နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့မှလည်းကောင်း လာကြသော လူအမြောက်အမြားရှိကြ၏။
ယုဒအမျိုးအနွယ်သည် မဲချ၍မျိုးနွယ်စုအလိုက် ရသောအမွေမြေမှာ ဤသို့ဖြစ်၏။ တောင်ဘက်စွန်းရှိ ဇိနတောကန္တာရမှ ဧဒုံနယ်နိမိတ်အထိဖြစ်၏။
ယုဒအမျိုးအနွယ်ပိုင်သောမြို့များကား တောင်ဘက်စွန်း ဧဒုံနယ်စပ်ရှိမြို့များဖြစ်သော ကပ်ဇေလမြို့၊ ဧဒေမြို့၊ ယာဂုရမြို့၊