ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းထဲသို့ တစ်ဖန်ဝင်တော်မူရာ ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၏။
သခင်ယေရှုသည် တရားဇရပ်သို့တစ်ဖန် ကြွဝင်တော်မူပြန်၏။ တရားဇရပ်ထဲတွင် လက်တစ်ဖက်သေသူလူတစ်ယောက်ရှိ၏။-
နောက် တစ် ဖန် ဓ မ္မာ ရုံ သို့ ဝင် တော် မူ ပြန် သော်၊ လက် တစ် ဘက် သေ ခြောက် လျက် နေ သော လူ တစ် ယောက် ရှိ သ ဖြင့်၊
တရားဇရပ်သို့ တစ်ဖန် ဝင်တော်မူ၍၊ ထိုဇရပ်၌ လက်တစ်ဖက်သေသောသူ တစ်ယောက်ရှိ၏။-
ယေရှုသည် ဂျူးဝတ်ပြုဆောင်သို့ တစ်ဖန်ကြွတော်မူလျှင် လက်တစ်ဖက်သေသောသူတစ်ဦးကို တွေ့မြင်တော်မူ၏။
ဘုရားသခင်၏လူသည် ဗေသလမြို့ရှိယဇ်ပလ္လင်အား ဆန့်ကျင်ကြွေးကြော်ခဲ့သောစကားများကို ယေရောဗောင်မင်းကြီးကြားလျှင် သူသည် ယဇ်ပလ္လင်ပေါ်တွင်ရပ်လျက် လက်ကိုဆန့်ပြီး “သူ့ကို ဖမ်းကြလော့”ဟု အမိန့်ပေး၏။ ထိုသို့ဆန့်လိုက်သောလက်သည် ခြောက်သွားသဖြင့် ပြန်ရုပ်၍မရတော့ချေ။
ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ဝင်ကြ၏။ ဥပုသ်နေ့ရောက်သည်နှင့် ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သွန်သင်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်ဝန်းလုံးသို့ကြွတော်မူ၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
သို့ဖြစ်၍ လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်လည်းဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုမုခ်ဆောင်တို့၌ မျက်မမြင်များ၊ ခြေမသန်စွမ်းသူများ၊ အကြောသေချည့်နဲ့သူများနှင့် နာမကျန်းဖြစ်သူအမြောက်အမြားတို့သည် လဲလျောင်းနေကြ၏။ [သူတို့သည် ရေလှုပ်ရှားခြင်းကို စောင့်မျှော်နေခြင်းဖြစ်၏။